Sunday, May 22, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကွန်ယက်မှ နာရေးအတွက် အခက်အခဲဖြစ်နေသော ပြည်သူတို့အား ကူညီ။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့နှင့်လူငယ်ကွန်ယက်အဖွဲ့ဝင်များသည် ကော့သောင်းမြို့ ပုလုးံတုးံတုးံကျေးရွာရှိ ကွယ်လွန်သူဦးဘတင်၏ ကျန်ရစ်သူမိသားစုများ၏ ဆက်သွယ်အကူအညီတောင်းလာခြင်းကြောင့် ရုပ်ကလာပ်ထည့် တလားပုံး တလုးံအား ယနေ့နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

























ကော့သောင်းမြို့ လူမှုအထောက်အကူပြုအဖွဲ့နှင့် လူငယ်ကွန်ယက်တို့ စုပေါင်းပြီး နာရေးအတွက် အခက်အခဲဖြစ်နေသော ချို့တဲ့ပြည်သူများအတွက် အကူအညီလိုအပ်ပါက တလားပုးံ၊ ဆွမ်းသွတ်ရန်နှင့် အခြားအခတ်ခဲများကို တက်နိုင်သ၍ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် သာရေးနာရေးကော်မတီကို စနစ်တကျ ဖွဲ့စည်း၍ ဆောင်ရွက်လျှက်ရှိရာ ယခုလှူဒါန်းမှုသည် လေးကြိမ်မြောက် နာရေးလှူဒါန်းမှု ဖြစ်ပါသည်။

၎င်းလှူဒါန်းမှုနှင့် ပက်သက်ပြီး “ရွာခံပြည်သူတစ်ဦးမှ ဆင်းရဲချို့တဲ့သောသူတစ်ဦးအတွက် သေဆုးံသည့်အခါ အခက်အခဲများစွာ ရှိခဲ့ကြောင်း လူမှုရေးစိတ်ရှိပြီး တက်နိုင်သည့်ငွေရှင်များ ရှိသော်လည်း စနစ်တကျ ဖွဲ့ထားခြင်း မရှိသောကြောင့် ဆက်သွယ်အကူအညီတောင်းရန် အခက်အခဲရှိသောကြောင့် သစ်သားချောင်းနှင့် ပျဉ်ပြားများ လိုက်လံကောက်ယူပြီး တလားပုးံများကို လုပ်ခဲ့ရသည့် အကြိမ်များ ရှိခဲ့ကြောင်း၊ ယခုလို အဖွဲ့ချုပ်မှ သာရေးနာရေးအသင်းနှင့် လူငယ်ကွန်ယက်များ စနစ်တကျ ရှိလာသောကြောင့် ဆင်းရဲချို့တဲ့သောသူများအတွက် များစွာ အားကိုးရာ ဖြစ်ပါကြောင်း" ရွာခံ ကိုဝင်းဖေမှ ပြောကြားခဲ့ပါတယ်။

























အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့နှင့် လူငယ်ကွန်ယက်အဖွဲ့ဝင်များသည် သာရေးနာရေးအပြင် အခမဲ့သွေးလှူခြင်းလုပ်ငန်း၊ ဆင်းရဲချို့တဲ့သော HIV ဝေဒနာရှင်များအား ကူညီခြင်း နှင့် နိုင်ငံရေးအကျဉ်းသားမိသားစုများအား ကူညီထောက်ပံ့ခြင်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး ဒုတိယအကြိမ်မြောက် ကျောင်းဖွင့်လရာသီတွင် ချို့တဲ့ကျောင်းသား/ကျောင်းသူများအား စာအုပ် ခဲတံ၊ ဘောပင်နှင့် သင်ထောက်ကူ ပစ္စည်းများကို လှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။

No comments: