Monday, May 23, 2011

တရုတ်အားကိုး ပုဆိန်ရိုး သိန်းစိန် တရုတ်ပြည်ကို သွားမယ်။






















ယနေ့  ဟာသသတင်းစာပါ သတင်းဖြစ်တဲ့ သိန်းစိန် တစ်ယောက် တရုတ်ပြည်သွားမယ့် သတင်းနဲ့  ယခုအပါတ်ထုတ် Weekly Eleven News ပါ ကာတွန်းနှစ်ပုံရဲ့  လက်ရှိ မြန်မာပြည်ရဲ့  ကံကြမ္မာကို ကြည့်ကြပါစို့ ရဲ့ ။













































မြန်မာပြည်ရဲ့  ပြည်သူပိုင် အဖိုးတန် သယံဇာတတွေဖြစ်တဲ့ ကျောက်စိမ်း ကျောက်မျက်ရတနာတွေ၊ သဘာဝဓါတ်ငွေ့ တွေ၊ မန္တလေးမြို့ အပါအ၀င် မြေနေရာဒေသတွေ ရောင်းစားခံရရုံတင်မကဖူး မြန်မာလူမျိုး အမျိုးကောင်းသမီးပျိုတွေပါ တရုတ်နိုင်ငံမှာ အစေခံ မယားဘ၀အဖြစ် ရောင်းချခံနေကြရတဲ့အထိ တိုင်းပြည်လည်း နစ်နာ လူမျိုးလည်း ပျက်သုန်းကြရမယ့် အနေအထားတွေရောက်ရှိနေအောင် အခြေအနေဆိုးဖြစ်နေရတဲ့ အာဏာရူးတွေရဲ့  မိုက်ရိုင်းတဲ့လုပ်ဆောင်မှုတွေနဲ့  တရုတ်အားကိုးနေတဲ့ ပုဆိန်ရိုး သန်းရွှေတို့  သိန်းစိန်တို့ ကို အမျိုးသားသစ္စာဖောက်အဖြစ် မြန်မာပြည်သူလူထုတစ်ရပ်လုံးက ဆန့် ကျင်ကြရပါမယ်။



























တရုတ်အားကိုး ပုဆိန်ရိုး သိန်းစိန်တို့ ရဲ့  လုပ်ရပ်တွေကြောင့် အချိန်ကြာလာတဲ့အမျှ မြန်မာပြည်လည်း မြေသိမ်းခံရရုံတင်မက အမျိုးသားစီးပွားရေးလုပ်ငန်းတွေ မောင်ပိုင်စီးခံရ၊ မြန်မာအမျိုးသမီးကောင်းတွေ တရုတ်နိုင်ငံမှာရော မြန်မာပြည်တွင်းမှာရော အစေခံမယားအဖြစ်ခံရနဲ့  ဖြစ်နေကြရတာကို အမျိုးသားအရေးတာဝန်အဖြစ်နဲ့  မြန်မာပြည်သူပြည်သားအားလုံး လစ်လျူရှုနေကြလို့  မသင့်တဲ့အချိန်ကာလရောက်ရှိနေပါပြီ။

























အမျိုးသားသစ္စာဖောက် သန်းရွှေ သိန်းစိန်တို့ ကို ရဟန်းရှင်လူ ပြည်သူများနဲ့ အတူ တပ်မတော်အတွင်းက မျိုးချစ်တပ်မတော်သားတွေ အတူတစ်ကွ ပူးပေါင်းလက်တွဲပြီး တွန်းလှန်တိုက်ထုတ်ကြပါစို့ ။

No comments: