Sunday, May 22, 2011

အညတရ သူရဲကောင်းဆု ရရှိခဲ့သူ အညတရ သူရဲကောင်း ဆရာတော် ဦးဣန္ဒက။



















မြန်မာနိုင်ငံအတွင်း အနယ်နယ် အရပ်ရပ်က အကျဉ်းထောင်များ အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား (၂၂၀၀) ကျော်ရှိပါတယ်။ လူသိထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရှိသလို တစ်ချို့မှာလည်း နာမည် မထင်မရှားနဲ့ လူထုအတွက် ဘဝတွေပေးဆပ် တိုက်ပွဲဝင်ပြီး အသက်တွေ၊ ခန္ဓာတွေ၊ မိသားစုဘဝတွေ ဘဝတွေပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ အညတြသူရဲကောင်းတွေ အများအပြားရှိပါတယ်။ ပြည်သူကို နှိပ်စက်ညှင်းပန်းတဲ့ အာဏာရှင်အစိုးရတွေ ရှိနေသရွေ့တော့ ဒီလို ပြည်သူတွေအတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ အသြတြ သူရဲကောင်းတွေ အမြဲမပြတ် ပေါ်ထွက်နေမှာပါပဲ။

ထိုသို့ နာမည်မထင်မရှား လူမသိသူမသိ အညတရသူရဲကောင်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပထမအကြိမ် အညတရသူရဲကောင်းဆုချီးမြှင့်ရေး အခမ်းအနားကို ပြည်တွင်းမှာ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အညတရသူရဲကောင်းများ ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများနဲ့ ပြည်ပနိုင်ငံအသီးသီးမှ စိတ်ပါဝင်စားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအသီးသီးကိုလည်း ဖိတ်မန္တက ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့က ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပထမအကြိမ် အညတရသူရဲကောင်း ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဆုရရှိသူ မိသားစုဝင်များအား ကိုယ်တိုင်ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။ ထို့အတူ အဆိုပါ လူမသိသူမသိ အညတရသူရဲကောင်း (၃) ဦးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်း တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

အညတရ သူရဲကောင်းဆု ရရှိခဲ့သူ အညတရ သူရဲကောင်း ဆရာတော် ဦးဣန္ဒက။

ဆရာတော် ဦးဣန္ဒကဟာ မဂ္ဂင်ကျောင်းတိုက် နောက်ဆုံးဆရာတော်ဖြစ်ပြီး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် ထောင်ဒဏ် (၂၆) နှစ်နဲ့ လာရှိုးထောင်မှာ အကျဉ်းကျခံနေရပါတယ်။

ဆရာတော် ဦးဣန္ဒကသည် အမည်နာမ မထင်မရှားဖြစ်နေသည့် အညတရသူရဲကောင်းစစ်စစ် ဖြစ်ပါသည်။

(သတင်းပေးပို့ လာသော ကိုမင်းထက်ဇော်နှင့် ဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်)။

No comments: