Sunday, May 22, 2011

အညတရ သူရဲကောင်းဆု ရရှိခဲ့သူ အညတရ သူရဲကောင်း ကိုသန်းနိုင်။






























မြန်မာနိုင်ငံအတွင်း အနယ်နယ် အရပ်ရပ်က အကျဉ်းထောင်များ အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား (၂၂၀၀) ကျော်ရှိပါတယ်။ လူသိထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရှိသလို တစ်ချို့မှာလည်း နာမည် မထင်မရှားနဲ့ လူထုအတွက် ဘဝတွေပေးဆပ် တိုက်ပွဲဝင်ပြီး အသက်တွေ၊ ခန္ဓာတွေ၊ မိသားစုဘဝတွေ ဘဝတွေပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ အညတြသူရဲကောင်းတွေ အများအပြားရှိပါတယ်။ ပြည်သူကို နှိပ်စက်ညှင်းပန်းတဲ့ အာဏာရှင်အစိုးရတွေ ရှိနေသရွေ့တော့ ဒီလို ပြည်သူတွေအတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ အသြတြ သူရဲကောင်းတွေ အမြဲမပြတ် ပေါ်ထွက်နေမှာပါပဲ။

ထိုသို့ နာမည်မထင်မရှား လူမသိသူမသိ အညတရသူရဲကောင်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပထမအကြိမ် အညတရသူရဲကောင်းဆုချီးမြှင့်ရေး အခမ်းအနားကို ပြည်တွင်းမှာ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အညတရသူရဲကောင်းများ ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများနဲ့ ပြည်ပနိုင်ငံအသီးသီးမှ စိတ်ပါဝင်စားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအသီးသီးကိုလည်း ဖိတ်မန္တက ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့က ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပထမအကြိမ် အညတရသူရဲကောင်း ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဆုရရှိသူ မိသားစုဝင်များအား ကိုယ်တိုင်ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။ ထို့အတူ အဆိုပါ လူမသိသူမသိ အညတရသူရဲကောင်း (၃) ဦးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်း တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

အညတရ သူရဲကောင်းဆု ရရှိခဲ့သူ အညတရ သူရဲကောင်း ကိုသန်းနိုင်။

အမည် - ကိုသန်းနိုင်
မွေးသရာဇ် - (၆) ရက် (သောကြာ)၊ သြဂုတ်လ၊ ၁၉၆၆ ခုနှစ်။
အဘအမည် - ဦးဆိုင်း (ကျောင်းဆရာ/ငြိမ်း) + အမိ ဒေါ်မမကြီး။ မွေးချင်း ရှစ်ဦးအနက် (၅)ဦးမြောက်သား ဖြစ်သည်။
နေရပ်လိပ်စာ - တောင်တွင်းကြီးမြို့၊ အုန်းတော (၂) လမ်း။

- ၁၉၈၈ ခုနှစ်၊ မကွေးကောလိပ်၊ ရုက္ခဗေဒ နောက်ဆုံးနှစ် ကျောင်းသား။

- ဒီမိုကရေစီအရေးတော်ပုံကာလ ၁၉၈၈ ခုနှစ်၊ သြဂုတ် (၁၂) ရက်နေ့၌ တောင်တွင်းကြီးမြို့တွင် စတင်သပိတ်မှေတ်စဉ် ဦးဆောင်ပါဝင်ခဲ့ပါသည်။ အရေးတော်ပုံကာလတွင် ကျောင်းသာသမဂ္ဂ (တောင်တွင်းကြီးမြို့နယ်၊ဒုဥက္ကဌ အဖြစ်၎င်း၊ မြို့နယ်သပိတ်စခန်းကော်မတီ စည်းရုံးရေးမှုးအဖြစ်၎င်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါသည်။

- ၁၉၈၉ ခုနှစ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (တောင်တွင်းကြီးမြို့နယ် စည်းရုံးရေးမှုး) အဖြစ်၎င်း၊ ဗ.က.သ များအဖွဲ့ချုပ် (တောင်တွင်းကြီးမြို့နယ်တွင်း၎င်း) ပါဝင်လှုပ်ရှားခဲ့ပါသည်။

- ၁၉၈၉ ခုနှစ် မတ်လတွင် မိတ္တီလာထောက်လှမ်းရေးမှ လာရောက်ဖမ်းဆီကာ မိတ္ထီလာစစ်ကြောရေးစခန်းတွင် (၁၈) ရက်ကြာ ကြမ်းတမ်းစွာ ရိုက်နှက်စစ်ဆေးခြင်းခံရပြီး တိုက်ပိတ်ထားခံခဲ့သည်။ ထိုသို့ဖမ်းဆီးခံစဉ် အ၀တ်တထည် ကိုယ်တစ်ခုဖြင့်သာ နေရပြီး ရေးချို၊သန့်စင်ခွင့် လုံးဝမပေးပဲ၊ မ၀ရေစာ အစာကြမ်းများ ကျွေးကာ နှိပ်စက်ခဲ့သောကြောင့် ယခုတိုင် အတွင်းဒဏ်ရာမျာဖြင့် မကြာခဏ နာကျင်ခံစားနေရပါသည်။ မိတ္ထီလာ စစ်ကြောရေးစခန်းတွင် (၁၈)ရက်ကြာပြီးနောက် တောင်တွင်းကြီး အချုပ်စခန်းသို့ ပြန်ပို့ကာ နောက်တစ်နေ့၌ တောင်တွင်းကြီး တရားရုံးမှ ထုချေလျှောက်လဲခွင့်၊ ရှေ့နေငှားခွင့် လုံးဝမပေး၊ မည်သို့သော ပုဒ်မမှန်း မသိပါပဲ ထောင်ဒဏ် (၇) နှစ် ချမှတ်ကာ သရက်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပါသည်။


- ၁၉၉၇ ခုနှစ်တွင် မအေးအေးခိုင်နှင့် အိမ်ထောင်ပြုကာ သမီးနှစ်ယောက်ဖြစ်သော မအိသဉ္ဖာနိုင်နှင့် မမြတ်သိဂီ င်္ခိုင်တို့ ထွန်းကားခဲ့ပါသည်။

- ၂၀၀၃ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးများ ပြန်လည်ဖွင့်လှစ်သောအခါ မြို့နယ် NLD လူငယ်တာဝန်ခံ၊ မြေလတ်ဒေသ NLD လူငယ်စည်းရုံးရေးမှုနှင့် မကွေးတိုင်း (၂၅) မြို့နယ် လူငယ်တာဝန်ခံအဖွဲ့တွင်၎င်း တက်ကြွစွာဖြင့် ဆက်လက်လှုပ်ရှားခဲ့ပါသည်။


- ၂၀၀၇ စက်တင်ဘာတော်လှန်ရေးတွင် (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ (ရန်ကုန်) နှင့်အတူ ပါဝင်လှုပ်ရှားရင်း ၂၀၀၇ စက်တင်ဘာ (၂၆) ရက်နေ့ ၌ ရွှေတိဂုံဘုရားအရှေ့မုဒ်တွင် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။

- ၂၀၀၈ ခုနှစ် အောက်တိုဘာ (၂၂) ရက်နေ့  တွင် အင်းစိန်ထောင်မှ ထောင်ဒဏ် (၁၄) နှစ် ချမှတ်ကာ ယခုတိုင် မအူပင်ထောင်တွင် အကျဉ်းခံနေရဆဲ ဖြစ်ပါသည်။

ကိုသန်းနိုင်သည် အမည်နာမ မထင်မရှားဖြစ်နေသည့် အညတရသူရဲကောင်းစစ်စစ် ဖြစ်ပါသည်။

(သတင်းပေးပို့ လာသော ကိုမင်းထက်ဇော်နှင့် ဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်)။

No comments: