Saturday, May 28, 2011

ကိုရီးယားရုပ်ရှင် City Hunter (၁၉၈၃ ခုနှစ် ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု - ဇာတ်ဝင်ခန်း) ဗွီဒီယို။

၁၉၈၃ ခုနှစ်အချိန်ကာလက မြန်မာပြည်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ တောင်ကိုရီးယား သမ္မတကို မြောက်ကိုရီးယားမှ သတ်ဖြတ်လုပ်ကြံဖို့  အတွက် ရန်ကုန်မြို့ ရှိ ဗိုလ်ချူပ်အောင်ဆန်းနှင့်တစ်ကွသော အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  အုတ်ဂူများတည်ရှိရာ အာဇာနည်ဗိမာန်အတွင်း မျက်နှာကျက်ပေါ်မှာ ချိန်ကိုက်ဗုံးထောင်ပြီး ဖောက်ခွဲခဲ့လို့  မြန်မာနဲ့  တောင်ကိုရီးယားအချို့  သေဆုံးခဲ့ပြီး မြန်မာပြည်ရဲ့  သမိုင်းဝင် အာဇာနည်ဗိမာန်လည်း ပျက်ဆီးခဲ့ပါတယ်။

ဒီ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု သမိုင်းမှတ်တမ်းကို ယခု ကိုရီးယားရုပ်ရှင် City Hunter မှာ ဇာတ်ဝင်ခန်းအဖြစ် စတင်ပြသထားတာ ဖြစ်ပါတယ်။

Lee Yoon Sung (Lee Min Ho) works at the Blue House’s National Communication Network Team and received his Ph.D at M.I.T. Kim Na Na (Park Min Young), a former judo athlete who works as a bodyguard for the President’s residence, the Blue House. Kim Na Na will eventually be involved in a love triangle with Lee Yoon Sung and prosecutor Lee Joon Hyuk (Kim Young Joo). The drama also marks Goo Ha Ra’s acting debut and she will play the role of the President’s daughter, Choi Da Hye.

ယခု ရုပ်ရှင်အား အချိန်နှင် ဖိုင်ဆိုဒ်အနေအထားအရ အစအဆုံး ဖေါ်မပြဖြစ်သည့်အတွက်နှင့် ကိုရီးယားဘာသာစကား ဖြစ်နေသောကြောင့် ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု သမိုင်းမှတ်တမ်းပါရှိသည့် အပိုင်းကိုသာ ပြသရခြင်းအတွက် တောင်းပန်အပ်ပါသည်။



ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု မူလသမိုင်းမှတ်တမ်းအားလည်း ပြန်လည်ကြည့်ရှူနိုင်ရန်အတွက် ထပ်မံဖေါ်ပြအပ်ပါသည်။





မြန်မာပြည်မြေပေါ်မှာ ရိုင်းစိုင်းစော်ကားစွာနဲ့  ရန်ကုန် အာဇာနည်ဗိမာန်ကို ဗုံးခွဲပြီး မြန်မာပြည်သူပြည်သားများကို မျက်နှာပျက်စေခဲ့ရုံသာမက အသက်တွေ သေကြေဆုံးရှုံးခဲ့ရမှုအတွက် မြောက်ကိုရီးယားကို နှစ်ပေါင်းများစွာ သံတမန်အဆက်အသွယ်ဖြတ်တောက်ခဲ့တာကို သန်းရွှေ သိန်းစိန် အာဏာရူးအုပ်စုကတော့ မြောက်ကိုရီးယားကို အောက်ကျို့ စွာ ပြန်လည်လက်ခံပြီး ဖက်လဲတကင်း ပေါင်းဖက်နေပါတယ်။ မြန်မာပြည်ရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မြန်မာပြည်သူပြည်သားတွေရဲ့  အမျိုးသားအရေးကိုမှ မထောက်ထားဘဲ မြောက်ကိုရီးယားကို ပေါင်းဖက်နေတာမို့  သန်းရွှေ သိန်းစိန်တို့ ဟာ အမျိုးသားသစ္စာဖောက်တွေ ဖြစ်ကြပါတယ်။ ယခုလည်း သိန်းစိန်က တရုတ်ပြည်ကို သွားပြီး မြောက်ကိုရီးယားနဲ့  တွေ့ ဆုံနေပါတယ်။

ယခင် ရေးသားခဲ့တဲ့ ပို့ စ်ကို ပြန်လည်ဖတ်ရှူလိုပါက - “အာဇာနည်ကုန်းကို ဗုံးခွဲဖျက်ဆီးခဲ့တဲ့ မြောက်ကိုရီးယားက မတောင်းပန်ခဲ့ဘဲ အခုဆိုရင် မြန်မာမြေပေါ်ကို ပြန်နင်းပြီး မြန်မာတွေကို မထေမဲ့မြင် စော်ကားပါတော့မယ်။”

http://niknayman-niknayman.blogspot.com/2010/07/blog-post_4433.html

မြန်မာပြည်ရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မြန်မာပြည်သူပြည်သားတွေရဲ့  အမျိုးသားအရေးကိုမှ မထောက်ထားဘဲ မြောက်ကိုရီးယားကို ပေါင်းဖက်နေတာမို့  သန်းရွှေ သိန်းစိန်တို့ ဟာ အမျိုးသားသစ္စာဖောက်တွေ ဖြစ်ကြပါတယ်။

No comments: