Friday, July 23, 2010

အာဇာနည်ကုန်းကို ဗုံးခွဲဖျက်ဆီးခဲ့တဲ့ မြောက်ကိုရီးယားက မတောင်းပန်ခဲ့ဘဲ အခုဆိုရင် မြန်မာမြေပေါ်ကို ပြန်နင်းပြီး မြန်မာတွေကို မထေမဲ့မြင် စော်ကားပါတော့မယ်။



































မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပတ်အွီချွန်းဆိုသူဟာ မြန်မာနိုင်ငံကို ဇူလိုင်လ (၂၉) ရက်နေ့ကနေ သြဂုတ်လ (၁) ရက်နေ့အထိ လာလည်မယ်တဲ့ဗျာ။

မြန်မာပြည်သူတွေ မြောက်ကိုရီးယားကို သံတမန်ပြန်လက်ခံခဲ့တဲ့ အမျိုးသားသစ္စာဖောက် နအဖကိုရော လာလည်မယ့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကိုရော ကန့် ကွက်ရှုတ်ချကြရမှာ ဖြစ်ပါတယ်။

၁၉၈၃ ခုနှစ်တုန်းက မြန်မာပြည်သူတစ်ရပ်လုံး အလေးထားရာ အာဇာနည်ဗိမာန်ကို ဗုံးခွဲဖျက်ဆီးခဲ့တဲ့ မြောက်ကိုရီးယားဟာ ယခထိတိုင် မြန်မာနိုင်ငံနဲ့  ပြည်သူတွေအပေါ် တရားဝင် ၀န်ချတောင်းပန်ခြင်း မရှိသေးပါဖူး။

ဒီလို မြောက်ကိုရီးယားရဲ့  စော်ကားမှုကို တုန့် ပြန်တဲ့အနေနဲ့  မြောက်ကိုရီးယားကို မြန်မာနိုင်ငံကနေ ၁၉၈၃ ခုနှစ်ကနေ စပြီး သံတမန်အနေနဲ့ ဆက်ဆံရေး ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမယ့် မိုက်ရိုင်းတဲ့ နအဖကနေ ပြည်သူပြည်သားတွေ ဆန္ဒမပါဘဲ မြောက်ကိုရီးယားကို သံတမန်အဖြစ် ပြန်လက်ခံခဲ့ပါတယ်။ အခုဆိုရင် မြောက်ကိုရီးယားအစိုးရ ထိပ်တန်းခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးကိုပါ မြန်မာမြေ ခြေပြန်နင်းခိုင်းဖို့  ဖားယားပြီး ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ မြန်မာပြည်သူပြည်သားတွေအပေါ် နိုင်ငံအပေါ် နအဖရဲ့  မထေ့မဲ့မြင်ပြုပြီး စော်ကားလိုက်တဲ့ အကြီးဆုံးသော နိုင်ငံတော် စော်ကားမှုကြီး ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေကို လုံးဝ ဂရုမစိုက်ဘဲ လုပ်ချင်သလို လုပ်တယ်ဆိုတဲ့ နအဖရဲ့  ဗြောင်စိန်ခေါ်မှု ဖြစ်ပါတယ်။

ထို့ အတူ မြောက်ကိုရီးယားကလည်း မြန်မာပြည်သူတွေ ယူကျုံမရဖြစ်ခဲ့ရတဲ့ အာဇာနည်ဗိမာန် ဗုံးကွဲပျက်စီးခဲ့တာ ငါတို့  တောင်းပန်စရာမလိုဖူး တောင်းပန်ဖို့ မလိုဖူး မတောင်းပန်လည်း အခုဆို နအဖက အောက်ကျို့ ပြီး ပြန်လက်ခံတာဘဲလို့  သုံးသက်ကာ မြန်မာပြည်ကို မျက်နှာပြောင်ပြောင် မျက်နှာတင်းတင်း မထေမဲ့မြင်နဲ့  လာရောက်ပြပါတော့မယ်။































အထက်ဖေါ်ပြပါပုံဟာ ၁၉၈၃ ခုနှစ်တုန်းက မြောက်ကိုရီးယားတို့ ဗုံးဖေါက်ကွဲမှုလက်ချက်ကြောင့် ပျက်စီးခဲ့ရသည့် မြန်မာလူမျိုးတို့  အလေးအမြတ်ပြုရာ အာဇာနည်ဗိမာန် ဖြစ်ပါတယ်။ မြောက်ကိုရီးယားတွေဟာ အာဇာနည်ဗိမာန်ရဲ့  မျက်နှာကျက်မှာ ဗုံး ၃ လုံး ဆင်ထားခဲ့ပါတယ်။ အဆိုပါပေါက်ကွဲခဲ့တဲ့ ဗုံးအရှိန်ဟာ ပြင်းထန်လွန်တာကြောင့် အာဇာနည်ဗိမာန်အမိုးကြီးတစ်ခုလုံး ပွင့်ထွက်သွားပြီး လူများ သေကြေပျက်စီး ဒဏ်ရာ ရရှိကုန်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဗုံးပေါက်ကွဲပြီး နှစ်ရက်အကြာမှာ ဗုံးဖောက်ခွဲသူ မြောက်ကိုးရီးယား သုံးယောက်ထဲက ပထမဦးဆုံး တစ်ယောက်နဲ့  ဖမ်းဖို့ ကြိုးစားစဉ်မှာ လက်ပစ်ဗုံးဖေါက်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ ထိုနေ့ မှာဘဲ နောက်ထပ်နှစ်ယောက်ကို မြန်မာပြည်သူတွေက မသင်္ကာဖွယ်တွေ့  ရှိလို့  ရဲကို သတင်းပို့ လို့  ရဲက ဖမ်းဆီးဖို့ ကြိုးစားစဉ်မှာ လက်ပစ်ဗုံးဖေါက်ခွဲလို့  မြန်မာရဲ သုံးဦး သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ မြောက်ကိုရီးယားနှစ်ဦးကို ဒဏ်ရာများနဲ့  ဖမ်းဆီးရမိခဲ့ပါတယ်။

ကျွန်တော်တို့  မြန်မာမြေပေါ်ကို ၁၉၈၃ ခုနှစ်တုန်းက မြောက်ကိုရီးယားသူလျှိုတွေ လာရောက်ပြီး မြန်မာတစ်မျိုးသားလုံးရဲ့  ဦးညွှတ်ရာ အာဇာနည်ဗိမာန်ကို မိုက်မိုက်ရိုင်းရိုင်း စော်စော်ကားကားနဲ့  ဗုံးလာခွဲဖျက်ဆီးပစ်ခဲ့တာကို အောက်ဖေါ်ပြပါ မှတ်တမ်းတွေက သက်သေပြထားပါတယ်။





ဒီ ရန်ကုန်မြို့ က အာဇာနည်ကုန်းမှာ တောင်ကိုရီးယားသမတကို လုပ်ကြံသတ်ဖြတ်ဖို့  ကြိုးစားခဲ့တဲ့ မြောက်ကိုရီးယား သုံးဦးဟာ မြောက်ကိုရီးယား ထိပ်ပိုင်းအာဏာပိုင်တွေကနေ အထူးစေလွှတ်ခဲ့တဲ့ မြောက်ကိုးရီးယား စစ်ကွန်မန်ဒိုတွေ ဖြစ်ပါတယ်။ မြောက်ကိုရီးယား စစ်တပ်က ဗိုလ်မှူးတစ်ဦးနဲ့  ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦး ဖြစ်ပါတယ်။ တစ်ဦးရဲ့  အမည်က Kang Min-Chul ဖြစ်ပါတယ်။

ဒီလိုမျိုး သူတစ်ပါးနိုင်ငံထဲကို ခိုးဝင်ခဲ့ပြီး မြန်မာလူမျိုးတို့ ရဲ့  အလေးအမြတ်ပြုတဲ့ အာဇာနည်ကုန်းလို နေရာမှာ ဗုံးဖေါက်ခွဲတာဟာ နိုင်ငံတစ်နိုင်ငံရဲ့  အချုပ်အခြာအာဏာနဲ့  လူမျိုးကို စော်ကားတာ ဖြစ်ပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ မတော်တစ်ဆ မဟုတ်ဘဲ မြောက်ကိုရီးယား ထိပ်ပိုင်းအာဏာပိုင်တို့ ကနေ စနစ်တကျ ကြိုတင်စီစဉ်ပြီးလုပ်ခဲ့တာ ဖြစ်လို့  မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူအားလုံးကို မထေမဲ့မြင်ပြုပြီး ထင်ရာစိုင်း စော်ကားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့  လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်များ ရုပ်ကလပ်လဲလျောင်းရာ ဂူများကို မြန်မာပြည်သူတွေ နှစ်စဉ် ဇူလိုင်လ (၁၉) ရက်နေ့  အာဇာနည်နေ့ မှာ လွမ်းဆွတ်တမ်းတစွာနဲ့  သွားရောက် အလေးပြုဂါဝရပေးရာ နေရာလည်းဖြစ်ပါတယ်။ အဆိုပါ မြောက်ကိုးရီးယားတို့ ရဲ့  လုပ်ကြံဗုံးဖေါက် စော်ကားမှုကြောင့် အာဇာနည်ဗိမာန်ကြီး မြင်မကောင်းအောင် ပျက်စီးစေခဲ့တာဟာ မြန်မာတစ်မျိုးသားလုံးရဲ့  ဂုဏ်သိက္ခာနဲ့ အတူ အထွတ်အထိပ်ထားရာ အမျိုးသားသမိုင်းဝင်နေရာတစ်ခု ပျက်စီးသွားခဲ့ရပါတယ်။

ဒီလို ဖြစ်ပျက်မှုနဲ့  ပတ်သက်ပြီး မြောက်ကိုရီးယား အာဏာပိုင် တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံသားတွေအပေါ် တရားဝင်တောင်းပန်ခြင်း မပြုခဲ့ပါဖူး။ ဒီလို စော်ကားမှုကြောင့် မြန်မာပြည်သူတစ်ရပ်လုံး ဒေါသထွက်ခဲ့ရသလို ထိုအချိန်က အုပ်ချူပ်နေတဲ့ အာဏာရှင် နေ၀င်းအစိုးရကတောင် မြောက်ကိုးရီးယားကို သံတမန်ဖြတ်တောက်မှု ပြုလုပ်ခဲ့ပါတယ်။

ယခု နအဖ သန်းရွှေလက်ထက်ကျမှ မြန်မာလူမျိုးတစ်ရပ်လုံးနဲ့  မြန်မာနိုင်ငံတော်အပေါ် စော်ကားခဲ့တဲ့ မြောက်ကိုရီးယားအစိုးရကို ကိုယ်ကျိုးအတ္တအတွက်သာ ကြည့်ပြီး သံတမန်ပြန်လည်ဆက်ဆံရုံတင်မက၊ မြန်မာပြည်သူတွေအပေါ် သတ်ဖြတ်နေတဲ့ လက်နက်တွေ ၀ယ်ယူတာ၊ မြောက်ကိုရီးယားနဲ့ ပေါင်းပြီး ညူကလီးယား လက်နက်ထုတ်ဖို့ ကြိုးစားနေတာတွေဟာ သန်းရွှေဦးဆောင်နေတဲ့ နအဖတစ်ဖွဲ့ လုံးကနေ တိုင်းပြည်နဲ့  လူမျိုးအပေါ် သစ္စာဖောက်တာဘဲ ဖြစ်ပါတယ်။

အထက်ဖေါ်ပြပါအတိုင်း မြောက်ကိုရီးယားဟာ ၁၉၈၃ ခုနှစ်တုန်းက မြန်မာနိုင်ငံကို အလည်အပတ် ရောက်လာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နှင့် ဝန်ကြီးများအား ဗုံးထောင်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ပါတယ်။ ဒါပေမယ့် နအဖကနေ (၂ဝဝ၇) ခုနှစ် နိုဝင်ဘာလမှာ ပြန်ပြီး သံတမန်အဆက်အသွယ် ပြုလုပ်ခဲ့ရုံမက။ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ရေး စာချုပ်များကိုပါ မကြာသေးခင်က ချုပ်ဆိုခဲ့ကြတယ်။

ယခုလို နအဖအနေနဲ့  မြောက်ကိုရီးယားကို ပြည်သူလူထုဆန္ဒ မပါဘဲ ကိုယ့်သဘောနဲ့  ကိုယ် သံတမန်ပြန်ဆက်ဆံခြင်းဟာ မြန်မာလူမျိုးတွေ ဂုဏ်သိက္ခာထိခိုက်ခဲ့ရတဲ့၊ တန်ဖိုးထားရာ သမိုင်းဝင်နေရာ ပျက်စီးခဲ့ရတဲ့ ၁၉၈၃ ခုနှစ်တုန်းက အာဇာနည်ကုန်း ဗုံးဖေါက်ပြိုကွဲမှုကို လစ်လျူရှူလိုက်တာဖြစ်ပြီး မြန်မာလူမျိုးတွေရဲ့  မျက်နှာကို အိုးမဲ ထပ်သုတ်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ နအဖဟာ မိမိတို့ ကိုယ်ကျိုးအတွက် မြန်မာနိုင်ငံအပေါ်မှာ ၀န်ချတောင်းပန်ခြင်း မပြုခဲ့တဲ့ မြောက်ကိုရီးယားကို ဒူးထောက်ခယလိုက်ပြီး လိုချင်တဲ့ ညူကလီယားလက်နက်တွေနဲ့  မြန်မာလူမျိုးတို့  ဂုဏ်သိက္ခာကို လဲပြစ်လိုက်တာဘဲ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ပြစ်တင်ရှုတ်ချခြင်းကို ခံနေရတဲ့ မြောက်ကိုရီးယားကို ဖက်လဲတကင်းလုပ်ပြီး မိုက်မိုက်ကန်းကန်း တွဲဘက်ပြလိုက်တာလည်း ဖြစ်ပါတယ်။

ဒီ့အတွက် မြောက်ကိုရီးယားနဲ့  ပြန်လည်ဆက်ဆံလိုက်တဲ့ နအဖဟာ မြန်မာပြည်သူအများစုရဲ့  ဆန္ဒကို မရယူဘဲ ငါတကော ကောကာ လုပ်ချင်ရာ လုပ်တာကြောင့် မြန်မာနိုင်ငံရဲ့  သမိုင်းဂုဏ်ရောင်၊ မြန်မာလူမျိုးတို့ ရဲ့  အမျိုးသား ဂုဏ်သိက္ခာကို ညှိုးနွမ်းပျက်စီးစေရုံသာမက တိုင်းပြည်တစ်ပြည်လုံးနဲ့  လူမျိုးတစ်ရပ်လုံးကို ကမ္ဘာ့အသိုင်းအ၀ိုင်းအလည်မှာ အရှက်ခွဲပြလိုက်တာ ဖြစ်တဲ့အတွက် နအဖဟာ ဒီ မြောက်ကိုရီးယားနဲ့  သံတမန်ဆက်ဆံရေးကိစ္စမှာ နိုင်ငံနဲ့  လူမျိုးအပေါ် အမျိုးသားသစ္စာဖောက်မှုကြီးတစ်ရပ်ကို ကြီးကြီးမားမား ကျူးလွန်လိုက်တာဘဲ ဖြစ်ပါတော့တယ်။

မကြာခင်ရက်ပိုင်းမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပတ်အွီချွန်းဆိုသူဟာ မြန်မာနိုင်ငံကို ဇူလိုင်လ (၂၉) ရက်နေ့ကနေ သြဂုတ်လ (၁) ရက်နေ့အထိ မြန်မာပြည်ကို ခြေလာနင်းပါတော့မယ်။

မြန်မာပြည်သူတွေ မြောက်ကိုရီးယားကို သံတမန်ပြန်လက်ခံခဲ့တဲ့ အမျိုးသားသစ္စာဖောက် နအဖကိုရော လာလည်မယ့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကိုရော ကန့် ကွက်ရှုတ်ချကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့  မြန်မာလူမျိုးတွေ ဘယ်လောက် ဂုဏ်သိက္ခာကျစေမယ့် နအဖရဲ့  လုပ်ရပ်လည်းဆိုတာကို သိသိကြီးနဲ့  မြန်မာပြည်သူတွေ အင်တိုက်အားတိုက် ကန့် ကွက်ဆန္ဒမပြကြဖူးဆိုရင်တော့ မြန်မာဆိုတာ မြောက်ကိုရီးယားရဲ့  သမိုင်းမှာ ကဲ့ရက်စရာလူမျိုး အထင်သေးစရာလူမျိုး မထေမဲ့မြင်ပြုလို့ ရရာလူမျိုးအဖြစ် သမိုင်းတင်သွားပါလိမ့်မယ်ဆိုတာ သတိပေးပြောကြားလိုက်ရပါတယ်။

No comments: