Wednesday, June 1, 2011

ချီးကျူးဂုဏ်ပြုထိုက်သူကို ချီးကျူးဂုဏ်ပြုတာ မင်္ဂလာတစ်ပါးပါဘဲ။

မြန်မာပြည်မှ အနုပညာ ပါရမီရှင်လေးတဦးကို အထူးချီးကျူးရပါတယ်။ တိုင်းပြည်နဲ့  လူမျိုးအတွက် ဂုဏ်ယူရမှာ ဖြစ်သလို တိုင်းပြည်ကလည်း မှန်မှန်ကန်ကန် ထိုက်ထိုက်တန်တန်နဲ့  ချီးမြှောက်အားပေးသင့်ပါတယ်။



သက်မွေးဝမ်းကြောင်းမှုအတွက် လက်ရှိအနေအထားနဲ့ သာ ရှိနေရတာထက် တန်ဖိုးရှိ လက်ရာမြောက်တဲ့ ဒီလိုပညာရပ်အတွက် ပိုမိုထိုက်သင့်တဲ့ ငွေကြေးနဲ့ အတူ ထိုက်တန်သော ဂုဏ်ပြုမှုတွေ ပိုရှိရမှာ ဖြစ်သင့်ပါတယ်။

မြန်မာပြည်မှာ ထူးချွန်သူ ပါရမီရှင်တွေကို လေးစားစွာနဲ့  ထိုက်ထိုက်တန်တန် မှန်မှန်ကန်ကန် မြေတောင်မြောက်အားပေးမှုတွေ ပျောက်ကွယ်လုနီးပါးဖြစ်နေတာ ကာယကံရှင်ရော တိုင်းပြည်နဲ့ လူမျိုးအတွက်ရော နစ်နာဆုံးရှုံးရတာ အမှန်ပါဘဲ။

(မှတ်တမ်းမူရင်း Mersedehsabbagh နှင့် မျှဝေသူ ငယ်နိုင်အား ကျေးဇူးတင်ရှိပါသည်)။

No comments: