Friday, June 3, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရန်ကုန်တိုင်း အလုံမြို့ နယ် ဥက္ကဌ ဦးဘမြင့်ဟာ ဗန်းမော်ထောင်တွင် အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။



















ဗန်းမော်အကျဉ်းထောင်တွင် နိုင်ငံရေးမှူဖြင့် ထောင် အနှစ် (၂၀) ကျခံနေရသော ရန်ကုန်တိုင်း အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဥက္ကဌ ဦးဘမြင့်သည် ၁၉၈၈ ခုနှစ်၊ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး၊ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ အလုံမြို့ နယ် စည်းအဖွဲ့ ဝင်အဖြစ် ရပ်တည်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်ချမ်းရေးနိုဘယ်လ်ဆုရရှိမှုအပေါ် ထောက်ခံပြောဆိုခဲ့သဖြင့် ပထမဆုံးအကြိမ် ၅ (ည) ဖြင့် ထောင်ဒဏ် (၄) နှစ် ကျခံခဲ့ရသည်။

၁၉၉၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အလုံမြို့ နယ်၏ ပါတီတာဝန်များကို အတွင်းရေမှူးတာဝန်ဖြင့် ထမ်းဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည်၏ စနေ တနင်္ဂနွေ နိုင်ငံရေးပြောဆိုပွဲများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအတွင်း အခမ်းအနားပြင်ဆင်မှုများကို ဦးဆောင်ပြုလုပ်ပေးခဲ့သည်။























ပြည်သူ့ လွှတ်တော်ခေါ်ယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ပြင်ဆင်သည်ဟု သန်းရွှေ အာဏာရူးအုပ်စုမှ ယုံကြည်ခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအင်အားစုများကို လိုက်လံဖမ်းဆီးချိန်တွင် ဒုတိယအကြိမ် ဖမ်းဆီးခံခဲ့ရပါသည်။

ထပ်မံလွှတ်မြောက်လာပြီးနောက် အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဥက္ကဌ ဦးလှသိန်း ကွယ်လွန်ချိန်တွင် တာဝန်ပေးချက်အရ ဥက္ကဌတာဝန်အား ထမ်းဆောင်ရင်း (၂၀၀၄ ) ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ တွင် ထပ်မံဖမ်းဆီးခံရပြီး၊ ၂၀၀၅ ခုနှစ်၊ ဇွန်လတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် မတရားသတ်မှတ်ခံရကာ လက်ရှိတွင် ဗန်းမော်မြို့ အကျဉ်းထောင်တွင် အကျဉ်းကျလျက် ရှိပါသည်။























မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးမှုဖြင့် လက်တွေ့ သက်သေပြမှသာလျှင် မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနေပါပြီဟု ပြောဆိုနေကြသော သန်းရွှေ သိန်းစိန်တို့ ၏ စကားကို ဦးစွာ အသိအမှတ်ပြုနိုင်မည် ဖြစ်ပါသည်။

(ဖခင်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အလုံမြို့ နယ် ဥက္ကဌဖြစ်သူ ဦးဘမြင့်အကြောင်း သားဖြစ်သူ ကိုလူမော်လတ်မှ ပြောကြားလာမှုအား မှတ်တမ်းတင်အပ်ပါသည်)။

No comments: