Friday, June 3, 2011

ကြားရတာ နားခါးလှစရာ တင်အောင်မြင့်ဦးရဲ့  ပါးစပ်ပုတ်က ထွက်တဲ့ ယုတ်ညံ့တဲ့စကား။

တင်အောင်မြင့်ဦးက ယနေ့ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ (၉) မှာ အမေရိကန် အထက်လွှတ်တော်အမတ် Mr John McCain နဲ့  တွေ့ ဆုံမှု သတင်းမှာ အခြေအမြစ်ကင်းမဲ့လွန်းလှတဲ့ စကားတွေကို ပြောကြားထားတာ တွေ့ ရှိရပါတယ်။



































တင်အောင်မြင့်ဦး ပြောကြားတာက “မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ မရှိပါကြောင်း” ပြောထားတဲ့အပြင် ဒီထက် ပိုပြီး ပြောတဲ့ ဗြောင်လိမ်စကားကတော့ “ဒေါ်အောင်ဆန်းစုကြည်ကိစ္စနှင့် စပ်လျဉ်း၍ ၄င်းအား သာမန်အရပ်သားတစ်ဦးအဖြစ် သဘောထားပါကြောင်း” ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ တင်အောင်မြင့်ဦးအနေနဲ့  မိမိကိုယ် မိမိဘာမှန်းမသိဘဲ လက်လွှတ်စပယ်ပြောလိုက်တာပါဘဲ။ တင်အောင်မြင့်ဦးဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးက မဲဆန္ဒနဲ့  ရွေးချယ်ခံရသူမဟုတ်ဘဲ၊ သန်းရွှေ လှည့်ပတ်ဖန်တီးထားတဲ့ စစ်တပ်အင်အား (၂၅) ရာခိုင်နှုန်းထဲမှာတောင် အများစုက ရွေးချယ်တင်မြှောက်ခံရတာမျိုး မဟုတ်ဘဲ၊ သခင်ဖြစ်သူက လက်သပ်မွေး ခန့် အပ်လိုက်လို့ သာ နေရာရလာတဲ့ သတ္တ၀ါတစ်ကောင်နဲ့ တူတယ်ဆိုတာ ကိုယ့်ကိုကိုယ် မသိတာ အံ့သြမိပါရဲ့ ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ အထွေထွေပါတီစုံရွေးကောက်ပွဲကြီးမှာ တပ်မတော်ထဲက တပ်မတော်သားတွေအပါအ၀င် မြန်မာပြည်သူလူထုတစ်ရပ်လုံးက ဆန္ဒမဲအများဆုံးနဲ့  ရွေးချယ်တင်မြောက်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  ခေါင်းဆောင်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  ခေါင်းဆောင်အဖြစ်နဲ့ သာမက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက အသိအမှတ်ပြုလက်ခံထားတဲ့ ပြည်သူလူထုခေါင်းဆောင်ပါ။ ဒီထက်ပြောရရင် မြန်မာပြည်တင်မက နိုင်ငံအသီးသီး ကမ္ဘာတစ်ဝှမ်းလုံးက လေးလေးစားစား အသိအမှတ်ပြုဆက်ဆံတာပါ။ မြန်မာပြည်သူလူထုခေါင်းဆောင်လို့  အသိအမှတ်ပြုလက်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်သုံးသပ်ဆုံးဖြတ်နိုင်မှု၊ ကိုယ်ပိုင်အရည်အချင်း၊ ဘာသာတရားထိန်းသိမ်းစောင့်ရှောက်မှု၊ ယဉ်ကျေးသိမ်မွေ့ မှု၊ ကိုယ်ကျင့်သိက္ခာ သီလသမာဓိပြည့်စုံမှု၊ အများသူငှာအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်မှု၊ ကျောသားရင်သား မခွဲခြားဘဲ တရားမျှတစွာ ပြောဆိုဆက်ဆံမှု၊ သစ္စာတရားဆိုတဲ့ မှန်ကန်သောအကျင့်ကို လက်တွေ့ ကျကျ ကျင့်သုံးမှု အစရှိတဲ့ အရည်အသွေး အရည်အချင်းတွေ မြောက်မြားစွာနဲ့  ပြည့်စုံနေသူတစ်ဦးပါ။

တင်အောင်မြင့်ဦးတို့ လို ကိုယ်ကျင့်သိက္ခာ သီလသမာဓိ မရှိ၊ လိမ်ညာကောက်ကျစ်ယုတ်မာနေတဲ့သူတွေကိုသာ သာမန်အရပ်သားအဖြစ်တောင် အများပြည်သူက လက်ခံဆက်ဆံမှာ မဟုတ်သလို၊ လမ်းဘေးက ခွေးဝဲစားကတောင် တင်တောင်မြင့်ဦးတို့ ထက်စာရင် ငါက မြတ်သေးလို့  ဂုဏ်ယူနေဦးမှာ။































၁၉၈၈ ခုနှစ်မတိုင်ခင် မဆလခေတ်က အာဏာရူးကြီး နေ၀င်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးရဲ့  အထွေထွေအတွင်းရေးမှူး ဦးသန့် ကို မနာလိုဝန်တိုစိတ်တွေနဲ့  ဆက်ဆံပြောဆိုလုပ်ဆောင်တဲ့ အပြုအမူမျိုးကို အခု သန်းရွှေတို့  သိန်းစိန်တို့  တင်အောင်မြင့်ဦးတို့ က မတန်မရာ ပြောဆိုဆက်ဆံပြနေတာ တစ်ပုံစံထဲပါဘဲ။ ဒါကြောင့် ပြောတာပါ အာဏာရူးတွေဟာ အာဏာရူးလိုဘဲ ဘယ်အချိန်ကာလ ဘယ်နေရာဒေသမှာဘဲဖြစ်ဖြစ် ယုတ်မာကောက်ကျစ် ညံ့ဖြင်းဆိုးရွား လိမ်ညာလှည့်ပတ် သောက်ရှက်မရှိပြောကြဆိုကြ လုပ်ကြတာ တစ်ပုံစံထဲ ဖြစ်နေမှာပါ။

ဒီအာဏာရူးအုပ်စုတွေရဲ့  လက်ရှိထိတိုင်အောင် ပြောနေဆဲဖြစ်တဲ့ ပြောစကားတွေ အမူအရာတွေ ဟန်ပြလုပ်ဆောင်ချက်တွေကို လေ့လာသုံးသပ်ကြည့်ရင် မြန်မာပြည်သူပြည်သားတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တို့  လွတ်လပ်မှုတို့  တရားမျှတမှုတို့ ဆိုတာ ဘယ်သောအခါမှ ရနိုင်စရာအကြောင်း မရှိဖူးဆိုတာ သိသာထင်ရှားနေသလို မြန်မာပြည်သူလူထု ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစုများနဲ့  ပြည်သူလူထုမှာ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တယ်ဆိုတာ သတိပေးအပ်ပါတယ်။ သန်းရွှေတို့  သိန်းစိန်တို့  တင်အောင်မြင့်ဦးတို့  အများပြည်သူအကြားမှာ သတ္တိရှိရင် တစ်ယောက်ထဲ လမ်းထွက်လျှောက်ပြပါလား။ ကိုယ့်ကိုကိုယ် ဘာလည်းဆိုတာ သိသွားရမလို၊

အာဏာရူးအုပ်စုကို လက်တွေ့  တွန်းလှန်ဖယ်ထုတ်ကြဖို့ သာ အလျင်အမြန် လုပ်ဆောင်ရဖို့ သာ ဖြစ်ပါတယ်။


တင်အောင်မြင့်ဦးရေ … မမေ့ နဲ့ ဦးနော် .. တကယ် သတ္တိရှိရင် တစ်ယောက်တည်း အများပြည်သူအကြားမှာ လမ်းထွက်လျှောက်ရဲလားဆိုတဲ့ မေးထားတာလေးကို။ ရဟန်းရှင်လူ ပြည်သူလူထုက ဘယ်လို ဆက်ဆံပြမလည်းဆိုတာ ကိုယ့်ကိုကိုယ် အရင်ဆုံး သိရအောင်ပါ။

No comments: