Friday, June 3, 2011

အများပြည်သူက ရှစ်လုံးလို့  သဘောထားပါကြောင်း အသိပေးအပ်ပါတယ်။

မြန်မာပြည်တွင်းမှာ အများပြည်သူက သူ့ ကို နာမည်မှာ စကားလုံး ရှစ်လုံးရှိတဲ့အတွက် အတိုကောက် “ရှစ်လုံး” လို့ ခေါ်ကြပါတယ်။ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်အရပ်သားတစ်ဦးအဖြစ် သဘောထားပါကြောင်း ပြောကြားလိုက်တဲ့ သီဟသူရ တင်အောင်မြင့်ဦး ဘဲ ဖြစ်ပါတယ်။

အများပြည်သူက အတိုကောက် ခေါ်ဝေါ်တဲ့ နာမည်ပြောင်ဆိုတာ ဘာလည်း မပြောခင် တင်အောင်မြင့်ဦးဟာ “သီဟ” ဆိုတဲ့ ရဲရင်ခြင်း လုံးဝမရှိတဲ့အပြင် “သူရ” ဆိုတဲ့အတိုင်း သူသာရဖို့ (ကိုယ်ကျိုးသာရဖို့ ) လုပ်ကြတဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဒီလို “သီဟသူရ တင်အောင်မြင့်ဦး” နာမည် ရှစ်လုံးနဲ့ သူကို အများပြည်သူက “ရှစ်လုံး” လို့  ခေါ်ဝေါ်ကြတာ အမှန်ကတော့ “Shit Lone” ဖြစ်ပါတယ်ဗျာ။ “Shit” ဆိုတာ အင်္ဂလိပ်ဆိုရင်တော့ ချီး (အီး) လို့  တိုက်ရိုက်အဓိပ္ပါယ်ထွက်သလို ဗန်းစကားအဓိပ္ပါယ်ကတော့ ရွံ့ စရာ ကောင်းလွန်းတာ၊ နံ့ စော်လွန်းတာ၊ ယုတ်ညံ့လွန်းတာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
































ကဲ … ရှစ်လုံး “Shit Lone” တင်အောင်မြင့်ဦးရေ အများပြည်သူက ကိုယ့်ကိုကိုယ် ဘယ်လို ခေါ်ဆိုသတ်မှတ်သလည်းဆိုတာ သိပါတော့။

No comments: