Friday, June 10, 2011

ပြည်သူချစ်တဲ့ မွေးနေ့ ရှင်နဲ့ အတူ မွေးနေ့ ပွဲကို အတူတစ်ကွ ဆင်နွဲကြပါစို့ ။









































မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၆၆) နှစ်မြောက် မွေးနေ့ပွဲကို စည်ကားစွာ ကျင်းပသွားဖို့  ရှိပါတယ်။

ယခု ဇွန်လ (၁၉) ရက်နေ့ (တနင်္ဂနွေနေ့ ) မှာ ကျရောက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၆၆) နှစ်မြောက်မွေးနေ့ပွဲနဲ့  (မြန်မာနိုင်ငံအမျိုးသမီးများနေ့) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံးမှာ အထူးစည်ကားစွာ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။

လာမယ့် ဇွန်လ (၁၀) ရက်နေ့ က စတင်ပြီး အနုပညာဂီတပွဲ၊ ဈေးရောင်းပွဲတော်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ စသဖြင့် နေ့စဉ်ရက်ဆက် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ယခင်နှစ်များက နေအိမ်အကျယ်ချူပ်ချခံထားခဲ့ရတဲ့အတွက် မြန်မာပြည်သူ့ပြည်သားတွေ လေးစားချစ်ခင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့ ပွဲတွေကို မွေးနေ့ ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရော ကျင်းပခွင့် မရရှိခဲ့ကြရပါဖူး။

ဒီနှစ်မှာ ကျွန်တော်တို့  ချစ်မြတ်နိုးလေးစားကြတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့ပွဲကို အတူတစ်ကွ ပျော်ရွှင်စွာကျင်းပနိုင်ကြဖို့ အတွက် ဖိတ်ခေါ်အပ်ပါတယ်။ တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်ဆင်နွှဲပေးကြဖို့ ကိုလည်း အထူးဖိတ်ခေါ်ထားကြောင်း သိရှိရပါတယ်။

No comments: