Tuesday, June 14, 2011

နိုင်ငံတော်ဆိုတာတွေက သိမ်းပိုက်လိုက် နိုင်ငံတော်အကြီးအကဲတွေရဲ့  အောက်ခံပုဂ္ဂိုလ်ဆိုသူတွေက ငွေနဲ့ ပေါက်ပြီး သိမ်းပိုက်လိုက်နဲ့ ၊ လယ်မြေတွေ သွားပါပြီ။




























ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ခင်ရွှေက ငွေကြေးတတ်နိုင်တိုင်း တောင်သူလယ်သမားတွေရဲ့  လယ်ယာမြေတွေကို လျော်ကြေးပေး သိမ်းပိုက်လို့ ရကြေးဆိုရင် ကြာရင် နိုင်ငံတစ်နိုင်ငံလုံးက လယ်ယာမြေတွေ တစ်ယောက်ထဲပိုင်တဲ့မြေတွေဖြစ်ကုန်တော့မှာပေါ့။ ဒါဆိုရင် မြန်မာပြည်မှာ မြေပိုင်ရှင်ကြီးတွေ ပေါ်ပေါက်လာတော့မှာမို့  အရင်းရှင်ခေတ်က ချစ်တီးကုလားတွေ မြေသိမ်းလယ်သိမ်းတာထက် အဆပေါင်းများစွာ ဆိုးရွားတော့မှာမို့  တောင်သူလယ်သမားတွေဘ၀က စိုးရိမ်စရာရှိရုံမက နိုင်ငံအတွက်လည်း ရင်လေးစရာပါဘဲ။

နိုင်ငံခြားသားက နိုင်ငံခြားသားမို့  ဂုတ်သွေးစုတ်တာတောင် ခံရဆိုးတယ်၊ လူမျိုးတူတွေက ဂုတ်သွေးစုတ်တာကတော့ ပိုခံပြင်းစရာပါဘဲ။ သန်းရွှေတို့  သိန်းစိန်တို့ ကြောင့် မြန်မာပြည်မှာလည်း ကျောက်ခောတ်ပြန်ရောက်လိုက် အရင်းရှင်ခေတ်ပြန်ရောက်လိုက် သက်ဦးဆံပိုင်ခေတ် ပြန်ရောက်လိုက်နဲ့  ပြည်သူပြည်သားတွေ ဘ၀ပျက်လွန်းနေရပါတော့တယ်။

Zegabar & Farmer

No comments: