Thursday, June 16, 2011

ရန်ကုန်မြို့ အတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် စာများ စာအိတ်များတွင် ထည့်သွင်း၍ ပေးပို့ ဖြန့် ချီ။






























ယနေ့  ဇွန်လ (၁၆) ရက်နေ့  မနက်ပိုင်းတွင် ရန်ကုန်မြို့ အတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် အများပြည်သူများ လက်မှတ်ရေးထိုးတောင်းဆိုမှုပြုလုပ်ကြရန် ပန်ကြားထားသည့်စာများအား စာအိတ်များတွင် ထည့်သွင်းကာ ပေးပို့ခြင်းများကို လူငယ် (၁၀) ဦးမှ ပြုလုပ်ဆောင်ရွက်ကြောင်း သိရှိရပါတယ်။

ထို့ အတူ အဆိုပါစာရွက်များအား ဖြန့် ဝေခြင်းနှင့် အများပြည်သူများ သိရှိစေရန် လူစည်ကားသောနေရာများတွင် ကပ်ခြင်းတို့ အားလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။

မတရားအဖမ်းဆီးခံရပြီး အကျဉ်းကျနေရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်းကိုလည်း အဆိုပါ လူငယ်များမှ မေတ္တာရပ်ခံကြောင်း သိရှိရပါတယ်။







No comments: