Wednesday, June 15, 2011

သန်းရွှေ သိန်းစိန်တို့ အာဏာရူးတို့  ရိုင်းစိုင်းယုတ်မာမှုနဲ့  တိုင်းရင်းသားပြည်သူပြည်သားများရဲ့  လူသားချင်းစာနာမှု။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့  တပ်သားတစ်ဦးကို ဖမ်းဆီးရမိထားရာကနေ ရက်စက်စွာနဲ့  ညဉ်းပမ်းနှိပ်စက်ပြီး နောက်ဆုံး သတ်ဖြတ်ကာ ပစ်ထားခဲ့ပါတယ်။ သန်းရွှေ သိန်းစိန်တို့  အာဏာရူးများက ဖမ်းဆီးမိတဲ့ စစ်သုံ့ ပန်းတွေအပေါ် ထားရှိရမယ့် နိုင်ငံတကာဥပဒေတွေကိုလည်း မလိုက်နာ၊ လူသားချင်းစာနာထောက်ထားသင့်တဲ့ အနေအထားတွေကိုလည်း မကျင့်သုံးဘဲ ရက်စကိရိုင်းကားစွာနဲ့  လူမဆန်စွာ ညဉ်းပမ်းသတ်ဖြတ်ခဲ့ပါတယ်။ ဒါဟာ မြန်မာပြည်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူလူထုကို လွန်ကျူးစွာ စော်ကားပြလိုက်တာပါဘဲ။ တိုင်းပြည်နဲ့  လူမျိုးကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ တပ်မတော်ရဲ့  ဂုဏ်သိက္ခာကို အဖတ်ဆယ်မရအောင် အသုံးချ ဖျက်ဆီးပစ်လိုက်တာပါဘဲ။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကတော့ တိုက်ပွဲအတွင်းမှာ ဖမ်းဆီးမိခဲ့တဲ့ တပ်မတော်က ဗိုလ်ကြီးနှစ်ဦးနဲ့  အရပ်သားတစ်ဦးကို ကောင်းကောင်းမွန်မွန်ဆက်ဆံကာ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

Changying

ဒါကို ကြည့်ရင် သန်းရွှေ သိန်းစိန်တို့ အာဏာရူးများရဲ့  ရိုင်းစိုင်းယုတ်မာမှုနဲ့  တိုင်းရင်းသားပြည်သူတွေရဲ့  ဖြူစင်ဖြောင့်မတ်တဲ့ သဘောထားတွေကို သိသိသာသာ နှိုင်းယှဉ်နိုင်မှာပါ။

သန်းရွှေ သိန်းစိန်တို့ အာဏာရူးတို့  အာဏာရူးများဟာ သူတို့  အာဏာတည်မြဲဖို့ အတွက် ဘယ်သူ့ ကိုဘဲဖြစ်ဖြစ် ညှာတာမှာမဟုတ်ပါဖူး။ တပ်မတော်သားတွေကိုလည်း အသုံးချပြီး ရှေ့ တန်းစစ်မျက်မှာမှာ အသက်သေခိုင်းမှာပါ။

မြန်မာ့တပ်မတော်က အကြပ်တပ်သား အရာရှိအရာခံများကို ပန်ကြားလိုပါတယ်။ ပြည်သူလူထုနဲ့  တိုင်းရင်းသားညီအကိုတွေနဲ့  လက်တွဲပြီး သန်းရွှေ သိန်းစိန်တို့ အာဏာရူးများကို ယခုအချိန်မှာ ပြန်လည်ဆန့် ကျင်ပေးဖို့  ဖြစ်ပါတယ်။ ကချင် ရှမ်းတိုင်းရင်းသားပြည်သူပြည်သားတွေနဲ့ အတူ အခြားသော တိုင်းရင်းသားများလည်း အတူလက်တွဲကြစေလိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကနေ မြန်မာ့တပ်မတော် တပ်ဖွဲ့ ဝင်များသို့  အသိပေးကြေညာချက်ကို အလေးအနက်ထားပြီး တိုင်းရင်းသားပြည်သူလူထုနဲ့ လက်တွဲကြဖို့ အချိန်တန်ပါပြီ။

KIA Announcement

အားလုံးရဲ့  ဘုံရန်သူ သန်းရွှေ သိန်းစိန်တို့ အာဏာရူးများကို အတူလက်တွဲ တိုက်ထုတ်ဖယ်ရှားကြပါစို့ ။

No comments: