Sunday, June 26, 2011

ငါ့ ရဲ့ ယုံကြည်ချက်ကို မင်းတို့ သတ်လို့ မရဘူး။ မင်းတို့ ရဲ့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်သောအခါမှ ဒူးမထောက်ဘူး” (ဆလိုင်း တင်မောင်ဦး)။



































“ရဲဘော်တို့ လူသူမသိအောင်ငါ့ကိုသတ်ဖို့ သူတို့ လုပ်နေကြတယ်”

“မင်းတို့ ငါ့ ရဲ့ ယုံကြည်ချက်ကို မင်းတို့သတ်လို့ မရဘူး။ မင်းတို့ ငါ့  ခန္တာကိုယ်ကို သတ်နိုင်ပေမဲ့ ငါ့ ရဲ့ ယုံကြည်ချက်ကို မင်းတို့သတ်လို့မရဘူး။

မင်းတို ရဲ့ စစ်ဖိနပ်အောက်မှာ ငါဘယ်သောအခါမှ ဒူးမထောက်ဘူး”

- ဆလိုင်း တင်မောင်ဦး ၏ နောက်ဆုံးစကားများ -


U Thant by Niknayman

(၁၉၆၂ သမိုင်းရိပ် သွေးမတိတ်မီ ကွယ်လွန်သူတို့ နိုးထလာလေပြီ) ...

(တို့ကျောင်းသားများ စောင့်မျှော်ခဲ့သည့် အခွင့်အရေးကို ရရှိခဲ့သည့် တကမ္ဘာလုံးလေးစားရသည့် ဦးသန့်ဈာပ အကြောင်းပြလို့တည် ၇၄ ဒီဇင်ဘာ မဖြေသာအကြောင်းတရားက ဇာတ်လမ်းစလေသည်… ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သူ စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူ ဦးသန့်လိုလူ ရာဇ၀င်ထူးလို့ အာဏာရူးတို့ ရန်စမီးပျိုး အညိုးထားခဲ့သည်…)၂

(လူသာမန်လို ဆက်ဆံခဲ့ပြီ တို့ပြည်သူ အများစုနဲ့ ကျောင်းသားထုက မခံမရပ်နိုင်ပြီ.. ထိုက်တန်စွာ ဦးညွတ်ရမည် ထိုက်တန်စွာ ဂုဏ်ပြုရမည် ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင်စခဲ့သည်... အဓိပဓိလမ်းပေါ်မှာ ခွပ်ဒေါင်းတွေစုဝေးလို့ စစ်အုပ်စု ဆန့်ကျင်ရေးနှင့် ဂူဗိမာန်ဖြစ်မြောက်ရေး ဆုံးဖြတ်ခဲ့ကြသည်.. ကျောင်းသား၊ ပြည်သူ ပေါင်းစုဝေးလို့ ဈာပန အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲကျင်းပလေသည်..သမဂ္ဂအဆောက်ဦးရင်ပြင်ကမ္ဘာရဲ့ခေါင်းဆောင်ကြီးလဲလျောင်းမေးစက်နေစေရန်ရည်...)၂

ဂူဗိမာန်ကြီး တည်ဆောက်ကြသည် ပြည်သူများနှင့် ပေါင်းစည်းလို့ရည် ခွပ်ဒေါင်းဇာနည် ဘာမထီသွေးတို့ ပြည်သူရေးအတွက် ရှေ့ကလှမ်းတက်ချီ…. အယုတ်တမာ အာရူးတွေက လူသားမဆန် မောင်းပြန်သေနတ်များနှင့် ပစ်ခတ်ဖြိုခွင်း ဖြေရှင်းခဲ့လေပြီ ကမ္ဘာမကြေနိုင်ပြီ တက္ကသိုလ်မြေမဟီ ခွပ်ဒေါင်းသွေးတို့ နီရဲ့ခဲ့ကြသည်…

(ဘယ်လိုပင် သတ်ကြပါစေ ဒို့မသေ၊ ဘယ်လိုပင် ဖြိုခွင်းပါစေ ဒို့မမူပေ)၂ ခွပ်ဒေါင်းသွေး သိန္နိဌါန် ဒူးထောက်လို့ အညံ့မခံဘူးဟေ့.. အရိုးကြေကြေ အရေခမ်းခမ်း မကြောက်တမ်း မရွံ့တမ်း သွေးလမ်းလို့ ဖြတ်ချီလှမ်းမည် ညီ ညီ ညီ ညီ ချီ ချီ ချီ ချီ ခေတ်ဟောင်းဖြိုဖျက် တိုက်ပွဲဆက်ကြမည်။)၂

Salai Ko Tin Mg Oo.

No comments: