Sunday, June 26, 2011

သိန်းစိန်တို့ ရဲ့  ရပ်ကွက်အုပ်ချူပ်ရေးမှူးနေရာ ရွေးချယ်မှုတွေက ငွေပေးရင် ဖြစ်တယ်တဲ့လား။

တာမွေမြို့ နယ် ကြံ့ ဖွတ်ပါတီမှ မကြာခင် ဖွင့်လှစ်မည့် ၄င်းတို့ ၏ ဖြိုးစေတနာဆေးခန်းအတွက် ရပ်ကွက်နေပြည်သူများထံမှ အလှူငွေများ ကောက်ခံနေကြောင်း သိရပါသည်။

ရပ်ကွက်ကြံ့ ဖွတ်တစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ရပ်ကွက်တိုင်းအား ၄င်းပါတီ၏ စည်းမှူးဆိုသူများက ကောက်ခံနေခြင်း ဖြစ်ပါသည်။

မြို့ နယ်ကြံ့ ဖွတ်ပါတီမှလည်း မကြာခင် ခန့် အပ်မည့် ရပ်ကွက်အုပ်ချူပ်ရေးမှူးနေရာများတွင် ကြံ့ ဖွတ်ပါတီမှ ခန့် မှာ ဖြစ်ကြောင်း၊ အုပ်ချူပ်ရေးမှုး လုပ်လိုပါက ဆေးခန်းအတွက် ငွေဘယ်နှစ်သိန်းလှူရမှာဖြစ်ကြောင်း ပြောဆိုကောက်ခံရာ အုပ်ချူပ်ရေးမှူးလုပ်လိုသူများမှ ဆေးခန်းရံပုံငွေဟုဆိုကာ ငွေသိန်းချီ၍ မြို့ နယ်သို့  ပေးနေရကြောင်း သိရှိရပါသည်။

အကျင့်ပျက်ခြစား ကိုယ်ကျိုးရှာနေကြသော တာမွေမြို့ နယ် ကြံ့ ဖွတ်ပါတီဝင်များအား အရေးယူဆောင်ရွက်ပေးရန် ဒေသခံများမှ လိုလားနေသည်ဟု သိရှိရပါသည်။

No comments: