Monday, June 6, 2011

သန်လျင်မြို့ နယ် ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ်) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် စစ်ဆေးခံနေရ။
























ရန်ကုန်တိုင်း သန်လျင်မြို့ နယ် ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ်) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးအား မြေယာအလွဲသုံးစားလုပ်မှုဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ သို့  အရေးယူ ဆောင်ရွက်ပေးပါရန် တိုင်ကြားမှု ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အထက်ဖေါ်ပြပါ အကြောင်းအရာနှင့် ပတ်သက်၍ ပြည်တောင်စုကြံ့ခိုင်ဖွင့်ဖြိုးရေး (ကြံ့ ဖွတ်) ပါတီမှ သန်လျင်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးသည် သန်လျင်မြို့ နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ သီလ၀ါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့  သွားရာ လမ်းမကြီးဘေးရှိ မြေလွတ်မြေရိုင်းများကို ခရက ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ပေါင်းကာ ရယူခဲ့ကြောင်း၊ ၄င်းမြေတစ်ဧကအတွက် ခရကဥက္ကဋ္ဌ ဦးဇော်ဝင်းအား ငွေကျပ် (၁၅) သိန်းပေးခဲ့ပြီး၊ နောက်ထပ်ငွေ ကျပ်သိန်း (၅၀၀) ကိုလည်း ထပ်မံပေးခဲ့ကြောင်း သတင်ရရှိပါသည်။

ဦးအောင်သန်းဦး ရယူခဲ့သော မြေလွတ်မြေရိုင်းများမှာ ယခင်က မြန်မာအသံဌာနပိုင်မြေ နေရာ မကျုးကျော်ရဟု ဆိုင်းပုဒ်ကပ်ထားကြောင်းလဲ သိရှိရသည်။ ၄င်းမြေနေရာသည် ဧကပေါင်း (၅၀) ကျော်ခန့် ကျယ်ဝန်းကြောင်း သိရသည်။

၎င်းမြေနေရာအား ဦးအောင်သန်းဦးမှ မြေညှိခြင်း အကွက်ရိုက်ခြင်း ကွန်ကရစ်လမ်းများခင်းခြင်း ဓါတ်မီးတိုင်များ ဆိုက်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ.ပြီး၊ သန်လျင်မြို့ မှ အစိုးရအသိုင်းအ၀ိုင်းနှင့် နီးစပ်သော လုပ်ငန်းရှင် ဦးစိန်လွင်ဆိုသူအား သိန်းပေါင်း (၂) သောင်းဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။ ဦးစိန်လွင်ဆိုသူမှ ၄င်မြေနေရာကို ထပ်မံ၍ တရုတ်လူမျိုးများအား ရောင်းချခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပါတ်သက်ပြီး ကြံ့ ဖွတ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးအား အရေးယူဆောင်ရွက်ပေးပါရန် သန်လျင်မြို့ နေ ရဲဝန်တမ်းဟောင်း ဦးမြင့်ဝင်းမှ ရန်ကုန်တိုင်းအစိုးရအဖွဲ.သို့  စာရွက်စာတမ်း အထောက်ထားများဖြင့် တိုင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းတိုင်ကြားချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးနျင့် ပါဝင်ပတ်သက်သူအချို့ အား ရန်ကုန်တိုင်းလွှတ်တော်တွင် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဦးအောင်သန်းဦးသည် သန်လျင်မြို့ နယ် သူဌေးကွင်းကျေးရွာဇာတိဖြစ်ပြီး လက်ရှိ အမှတ် (၁၈) ၊ ဖို.မြေလမ်း၊ မြို့ မတောင်ရပ်ကွက်တွင် နေထိုင်ပြီး မိဘများမှာ ဦးသန်းအေး၊ ဒေါ်ဝင်းကြည်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

သိန်းစိန်တို့ အနေဖြင့် မတရားမှုများကို တရားဝင်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသဖြင့်၊ အောက်ခြေ အများပြည်သူများနှင့် သက်ဆိုင်သောကိစ္စရပ်များအား အာဏာအလွဲသုံးစားပြုကာ မတရားဆောင်ရွက်ချက်များအား ပြည်သူများအနေဖြင့် တရားဝင် တိုင်ကြားမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိပြီး အကျင့်ပျက် ခြစား ကိုယ်ကျိုးရှာနေသော ၀န်ထမ်းများ၊ ကြံ့ ဖွတ်ပါတီဝင်များအား မည်မျှထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ကိုတော့ စောင့်ကြည့်ရအုံးမည်ဟု ဒေသခံများက ပြောကြားလျှက်ရှိကြောင်း သတင်းရရှိပါသည်။

No comments: