လယ်ယာမြေတွေ ရေမြုပ်၊ ရေထိန်းတံခါးကလည်း တစ်ဘက်ကို ရေမလွှဲပေးဘဲ ပိတ်ထားပြန်၊ ဒီအထဲ ကြံ့ ဖွတ်အမတ်တွေက ကိုယ်ကျိုးရှာနေကြဆိုတော့။
ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ တောင်သူလယ်သမားများ အထူးအခက်အခဲဖြစ် ဒုက္ခရောက်နေကြကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာအုပ်စုများနှင့် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာအုပ်စုများမှ လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြသော လယ်ယာမြေများသည် မိုးဦးကာလ ပျိုးကျဲပျိုးထောင်ထားချိန်တွင် လယ်ယာမြေများ ရေမြုပ်လျှက်ရှိသဖြင့် လယ်သမားများ အတိဒုက္ခဖြင့် ကြုံတွေ့ နေရကြောင်း သိရှိရပါသည်။
ဖြစ်ပွားပုံမှာ အဆိုပါ ဒေသအတွင်းရှိ လယ်သမားဦကြီးများသည် ပျိုးကျဲပျိုးထောင်ထားချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းသည်ကတစ်ကြောင်း၊ ရေထိန်းတံခါးများကို လယ်ယာမြေများ ရေမြုပ်မှု လျော့ပါေးစရန် တစ်ဘက်သို့  ရေမလွှဲပေးဘဲ ပိတ်ထားသည်ကတစ်ကြောင်းကြောင့် လယ်မြေများအတွင်း ရေများပြည့်လျှံကာ မျိုးစေ့များ ပျိုးပင်ပေါက်များ ရေမြုပ်ပျက်စီးကုန်ကြကြောင်း သိရပါသည်။
ထိုကဲ့သို့  လယ်ယာမြေများ ရေမြုပ်ခြင်းနှင့် လယ်သမားများ အခက်အခဲဖြစ်နေမှုများကို လစ်လျူရှူကာ ရေထိန်းတံခါးများကို အစိုးရဌာနများမှ ဖွင့်ပေးခြင်း မရှိကြောင်းလည်း သိရှိရပါသည်။ ထိုအခြေအနေများကြောင့် လယ်ယာလုပ်သားများနှင့် လယ်ပိုင်ရှင်များစွာ စိတ်ညစ်နေကြကြောင်း လယ်သမားအသိုင်းအ၀ိုင်းမှ ပြောကြားချက်အရ သိရှိရပါသည်။
ယခုကဲ့သို့ ဆိုးရွာေးသာအခြေအနေဖြစ်ပျက်နေချိန်တွင် တစ်ဘက်မှလည်း သိန်းစိန်တို့ ၏ ကြံ့ ဖွတ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်ပြီး လယ်ပိုင်ရှင်များအား ချေးငွေများ ထုတ်ချေးခြင်း လုပ်ငန်းများကို စတင်အကောင်ထည်ဖေါ်နေကြောင်း သိရှိရပါသည်။
ထိုကဲ့သို့  ကြံ့ ဖွတ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မတည်ငွေအချို့  ရင်းနှီးကာ လယ်ပိုင်ရှင်များ လယ်သမားများအား ငွေထုတ်ချေးနေခြင်းမှာ ဖြူစင်သော စေတနာရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ၊ လယ်သမားချေးငွေလုပ်ငန်းကို ဘန်းပြပြီး အဆိုပါ ကြံ့ ဖွတ်လွတ်တော်ကိုယ်စားလှယ်များမှ ငွေသိန်းထောင်ချီ၍ ထုတ်ယူကာ ၄င်းတို့ ၏ ကိုယ်ကျိုးစီပွားလုပ်ငန်းများတွင် ရင်းနှီမြုပ်နှံထည့်သွင်း အသုံးချလျှက်ရှိကြောင်း သိရှိရပါသည်။
ရေမြုပ်နေသော လယ်ယာမြေများ၏ လယ်မြေပိုင်ရှင် တောင်သူဦးကြီးများနှင့် လယ်ယာလုပ်သားများအထိ အခက်အခဲဖြစ် ဒုက္ခရောက်နေချိန်တွင် သိန်းစိန်တို့ ၏ လွှတ်တော်ကိုယ်စားလှယ်များသည် လယ်ယာချေးငွေကို အကြောင်းပြကာ ငွေသိန်းထောင်ချီကိုင်ကာ ကိုယ်ပိုင်စီပွားရေးလုပ်ငန်းများ ကိုယ်ကျိုးရှာ လုပ်ကိုင်နေကြကြောင်း သိရှိရပါသည်။ တောင်သူလယ်သမားဦးကြီးများအား ခုတုံးလုပ်အသုံးချကာ ကိုယ်ကျိုးရှာနေကြသော ကြံ့ ဖွတ်လွှတ်တော်ကိုယ်စားလှယ်များ၏ မသမာသောလုပ်ရပ်များအား သိန်းစိန်တို့ အနေဖြင့် မည်သို့ လက်တွေ့ အရေးယူဆေင်ရွက်မည်ကို ယခုကိစ္စနှင့်ပတ်သက်၍ မကျေနပ်နေကြသော ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ တောင်သူလယ်သမားဦးကြီးများက သိရှိလိုနေကြကြောင်းနှင့် လယ်ယာမြေများ ရေမြုပ်ခြင်းကြောင့် ဖြစ်ပေါ်နေသော အခက်အခဲများ လယ်ယာမြေများ ရေမြုပ်မှုကို ပိုမိုဖြစ်ပေါ်စေသော ရေထိန်းတံခါးများအား ပိတ်ဆို့ ထားမှုအား မည်သို့ မည်ပုံ ဖြေရှင်းဆောင်ရွက်မည်ကိုလည်း အလေးထား စောင့်ဆိုင်းကြည့်ရှူလျက်ရှိပါကြောင်း သိရှိရပါသည်။
No comments:
Post a Comment