Friday, July 1, 2011

အရူးတစ်ယောက်ကြောင့် တိုင်းပြည်လည်း ပျက်စီးခဲ့ရပြီ၊ အခုလည်း အရူးနောက်လိုက် အရူးများကြောင့် တိုင်းပြည်မှာ ပေါက်ကရတွေ ဆက်ဖြစ်နေပြီ။

အခု သိန်းစိန်တို့  လက်ထက်မှာ မတော်မရာ လုပ်ချလိုက်တဲ့ တစ်ခုထဲကတော့ ရန်ကုန် နေပြည်တော် လမ်းမကြီးရဲ့ တစ်နေရာမှာ မော်တော်ယာဉ်လမ်းဆုံ အ၀ိုင်းကြီးတစ်ခုရှိပြီး အဲ့ဒီအ၀ိုင်းကြီးအလည်မှာ နန်းမြို့ ရိုးကြီးပုံစံ တည်ဆောက်ထားခြင်းဘဲ ဖြစ်ပါလေရဲ့ ဗျာ။






















သာမန်ကြည့်လိုက်ရင်တော့ အ၀ိုင်းအလည်မှာ နန်းမြို့ ရိုးပုံစံကြီး တည်ဆောက်ပြထားတော့ ရှေးဟောင်းအမွေအနှစ်ကိုဘဲ ထိန်းသိမ်းနေသလို၊ ရိုးရာယဉ်ကျေးမှုကိုဘဲ ထိန်းသိမ်းနေသလိုနဲ့ တကယ်တန်းမှာကျတော့ သက်ဦးဆံပိုင်ဘုရင်စနစ်က ဘုရင်တွေ ရုပ်ထုကို အားမနာတမ်း အသုံးချလိုက်၊ အဆောက်အဦးတွေကို အချွန်းအခက်တွေနဲ့  ဆောက်ပြလိုက်၊ ပလ္လင်ကြီးကို သိန်းစိန်ရုံးခန်းထဲမှာ အပြသဘောမျိုး ထားလိုက်၊ နောက်ဆုံး အခု အ၀ိုင်းအလည်မှာ မဆီမဆိုင် နန်းမြို့ ရိုးပုံစံကြီး ဆောက်ပြထားလိုက်နဲ့  အတော့ကို ရုးသွပ်လွန်းတဲ့ လုပ်ရပ်တွေပါဘဲ။

အ၀ိုင်းဆိုတာ ယာဉ်သွားယာဉ်လာ အဆင်ပြေချောမွေ့ စေဖို့ အတွက် အဓိကထားတာပါ။ တစ်ဘက်ကလာတဲ့ မော်တော်ယာဉ်တွေကို တစ်ဘက်က စောင့်ဆိုင်းပြီး အလှည့်ကျ သွားလာရအောင် ယာဉ်တိုက်မှု ကင်းရှင်းအောင် နောက် ယာဉ်သွားလာမှု မြန်ဆန်အောင် စီမံထားမှုသာ အဓိက ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာလည်း ဒီအ၀ိုင်းတွေမှာ ယာဉ်အသွားအလာအဆင်ပြေချောမွေ့ မှုလည်း မထိခိုက်စေရအောင် နောက် သမိုင်းမှတ်တမ်းဝင်တွေကို အများပြည်သူ အောင်းမေ့သိရှိနေရအောင်ဆိုပြီး အ၀ိုင်းအလည်မှာ ကျောက်တိုင်တွေ ရုပ်ထုတွေ ထည့်လေ့ရှိပါတယ်။ ဒါပေမယ့် စောစောကပြောသလို အဓိကဖြစ်တဲ့ ယာဉ်သွားလာမှုကိုလည်း မထိခိုက်စေရဖူး၊ နောက် သမိုင်းဝင်မှတ်တမ်း ဖေါ်ပြမှုလည်း ဖြစ်ရပါမယ်။

မြန်မာနိုင်ငံမှာလည်း အ၀ိုင်းတွေမှာ သမိုင်းဝင် အဓိပ္ပါယ်အနှစ်သာရအပြည့်ရှိတဲ့ ဖေါ်ပြမှုတွေ ယာဉ်သွားလာမှု လွယ်ကူစေရန် စီမံထားတဲ့ အ၀ိုင်းတွေမှာ တည်ဆောက်ထားခဲ့တာ ရှိပါတယ်။ ဦးဝိစာရအ၀ိုင်း ဦးဥတ္တမအ၀ိုင်းဆိုတာ ရန်ကုန်မြို့ ရဲ့  အဓိကရ လမ်းဆုံနေရာက အ၀ိုင်းအလည်မှာ ကျောက်တိုင်ထိပ်မှာ တည်ဆောက်ဂုဏ်ပြုဖေါ်ပြထားပါတယ်။

အမျိုးသားရေးကို သက်စွန့် ကျိုးပမ်းဆောင်ရွက်တော်မူပေးခဲ့ကြတဲ့ ဆရာတော်ကြီးတွေ ဖြစ်ကြတဲ့ ဆရာတော် ဦးဝိစာရနဲ့  ဆရာတော် ဦးဥတ္တမတို့ ရဲ့  ဂုဏ်ကျေးဇူးကို နောင်လာနောက်သား မြန်မာပြည်သူပြည်သားများ အောင်းမေ့သတိရ ကျေးဇူးဆပ် ဂုဏ်ပြုနိုင်နေစေရန်အတွက် ရည်စူးပြီး ဦးဝိစာရအ၀ိုင်း ဟံသာဝတီအ၀ိုင်းတို့ မှာ ဆရာတော် ဦးဝိစာရနဲ့ ဦးဥတ္တမရုပ်ပုံတော်တွေကို အ၀ိုင်းအလည် ကျောက်တိုင်ထိပ်မှာ တည်ထားခဲ့ကြတာ ဖြစ်ပါတယ်။































အခုတော့ သန်းရွှေ သိန်းစိန်တို့  လက်ထက်မှာ ရှေးမြန်မာဘုရင်ရုပ်ထုတွေကိုလည်း တန်ဖိုးမဲ့စွာ အသုံးချချင်သလို အသုံးချလိုက်၊ လမ်းတွေ မြို့ တွေအမည်ကိုလည်း နန်းဆံဆံ အမည်တွေ ပေးလိုက်၊ အဆောက်အဦးတွေကိုလည်း ရှေးခေတ်ပုံစံဆောက်လိုက်၊ နေပြည်တော်လို့  အမည်ပေးပြီး ရပ်ကွက်တွေကိုလည်း ဘုရင်ခေတ်က အမည်နာမတွေ သမုတ်လိုက်နဲ့ နောက်ဆုံး သန်းရွှေ ဘုရင်ရူး ရုးတာကို အရူးကို အရူးများက ဘုံမြှောက်ပေးနေတာဘဲ ဖြစ်ပါတော့တယ်။

အခုလည်း ထပ်ထွင်လိုက်ပြန်ပြီ မော်တော်ယာဉ်သွားလာရာ အ၀ိုင်းအလည်တည့်တည့်မှာ နန်းမြို့ ရိုးကြီး ဆောက်တည်ပြထားတာပါ။ ဘာမှလည်း သမိုင်းဝင် မရှိ၊ ယာဉ်သွားလာရေးအတွက်လည်း တစ်ဘက်ကလာတဲ့ ယာဉ်ကို တစ်ဘက်က အလည်က နန်းမြို့ ရိုးကြီး ခံနေလို့ မမြင်ရနဲ့  အတော့်ကို ရုပ်ပျက်ဆင်းပျက်နိုင်လွန်းလှပါတယ်။ သန်းရွှေတစ်ယောက် ဘုရင်ရုး ရူးတာ နောက်လိုက် လက်ညှုးထောင် ခေါင်းငြိမ့်  ကိုယ်ပိုင်ဦးနှောက်မရှိသူ အတူတူလည်း အခုလို လိုက် ရူးသွပ်နေတာက လက်တွေ့ မှာ နေ့ စဉ် ဒီအ၀ိုင်းကို ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေတော့ အသ်ကဘေးအန္တရာယ်လည်း ထိလိုက်နိုင်စေသလို အနည်းဆုံး အ၀ိုင်းအလည်က ဒီနန်းမြို့ ရိုးကြီးပုံတွေ့ ရလို့  ကြောင်တောင်တောင်နဲ့  ပါလားလို့  သုံးသပ်မိကာ စိတ်ဆင်းရဲကြရမှာ အမှန်ပါဘဲ။

ဒီလိုအဖြစ်အပျက်တွေ လုပ်ရပ်တွေကိုကြည့်ရင် မြန်မာပြည်ကြီးမှာ တိုးတက်မှုတွေ တကယ်ရှိလာတာလည်း ဆုတ်ယုတ်မှုတွေ တကယ် ဖြစ်နေတာလားဆိုတာ သုံးသပ်သာ ကြည့်ကြပါတော့။ ထုံးသုတ်နေရုံ တံတားဆောက် လမ်းဖောက်နေရုံနဲ့  အပေါ်ယံပကာသနတွေ မလိုပါဖူး၊ တကယ်လိုတာ အနှစ်သာရပါ။ မြန်မာပြည်မှာ ဘယ်နေရာဘဲကြည့်ကြည့် အနှစ်သာရဆိုတာ ပျေက်ကွယ်နေတာ ကြာပါပြီ။






























အရင်က မော်တော်ယာဉ်သွားလာရာ လမ်းဆုံ အ၀ိုင်းတွေမှာ မြန်မာပြည်သူပြည်သားတွေအားလုံး အောင်းမေ့ ကျေးဇူးတင်ဂုဏ်ပြုထိုက်တဲ့ ဆရာတော်ဦးဝိစာရတို့  ဆရာတော် ဦးဥတ္တမတို့ ရဲ့  ရုပ်ထုတော်တွေကို အ၀ိုင်းအလည်က ကျောက်တိုင်ထိပ်မှ တည်ထားရတာလည်းဆိုတာ ဆရာတော်တွေရဲ့  သမိုင်းကြောင်း ကြီးမားပုံကို သိရှိရအောင် ဖတ်ရှူစေလိုပါတယ်။ အခုခေတ် သန်းရွှေတို့  သိန်းစိန်တို့  အ၀ိုင်းအလည်မှာ နန်းမြို့ ရိုးပုံကြီး တည်ဆောက်ထားတာ ဘယ်လောက် ရုးသွပ်မှုလည်းဆိုတာကိုပါ နှိုင်းယှဉ် သိရှိစေဖို့ ပါ။

ဆရာတော် ဦးဝိစာရ ရဲ့  အမျိုးသားရေးကြိုးပမ်းဆောင်ရွက်မှုကို ဖတ်ရှုရန် -

http://burmesepeople.blogspot.com/2008/07/blog-post_26.html

http://burmesepeople.blogspot.com/2008/07/blog-post_27.html

ဆရာတော် ဦးဥတ္တမရဲ့  အမျိုးသားရေးကြိုးပမ်းဆောင်ရွက်မှုကို ဖတ်ရှူရန် -

http://burmesepeople.blogspot.com/2008/07/blog-post_29.html

http://burmesepeople.blogspot.com/2008/07/blog-post_30.html

No comments: