Sunday, July 3, 2011

တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက်ကို အင်တာနက်ကို ထိုက်တန်အောင် အသုံးပြုကြပါ။
























ခေတ်ကာလကပေးတဲ့ တန်ဖိုးကြီးလက်ဆောင်ကို အပျင်းပြေ ပေါက်တတ်ကရပြောဖို့ အတွက်ပဲ အသုံးချနေမှာလား။

ရိုးရာပုံပြင်လေး တစ်ပုဒ်ရှိခဲ့ပါတယ်။ ပြည်တန်တဲ့ပတ္တမြားကို ခွေးတစ်ကောင်က မြင်တော့ ထိုးဟောင်တယ်တဲ့။ နွားကျောင်းသားက မြင်တော့ ကောက်ယူပြီး (၅) ကျပ်နဲ့  ရောင်းစားတယ်။

ဝယ်သွားတဲ့လူ လက်ထဲကနေ ပတ္တမြားမှန်းသိတဲ့ ပွဲစားတစ်ယောက်က တစ်သောင်းနဲ့  ပေးဝယ်တယ်။ တစ်ဖြည်းဖြည်း တန်ဖိုးတက်သွားလိုက်တာ ဘုရင်ဆီရောက်မှ ပြည်တန်တဲ့ ပတ္တမြား ဖြစ်သွားတော့တယ်။

ယနေ့ လူငယ်တွေရဲ့ လက်ထဲကို ပြည်တန်တဲ့ပတ္တမြား ရောက်နေပါပြီ။

အဲဒီတော့ မေးခွန်းတစ်ခုလောက် မေးပါရစေ ။

အင်တာနက်ကို ဘာအတွက် သုံးနေတာလဲ .......

(ဒီမိုဖက်တီး)။















ယနေ့ လူငယ်တွေရဲ့ လက်ထဲကို ပြည်တန်တဲ့ပတ္တမြား ရောက်နေပါပြီ။

No comments: