Monday, August 1, 2011

ကဗျာဆရာကြီး ဦးတင်မိုး ကိုယ်တိုင်သီဆိုခဲ့တဲ့ “ပြည်တွင်းငြိမ်းချမ်းရေး” သီချင်း။

သီဆိုသူက ကဗျာဆရာကြီး ဦးတင်မိုး၊ ရေးဖွဲ့ သူက ဂီတစာဆို ကိုမြတ်လေး၊ ဂီတမှူး စန္ဒယား တင်ဝင်းလှိုင်။

Peace by Niknayman

ပြည်တွင်းငြိမ်းချမ်းရေး။

ပြည်သူပြည်သား… အများစုဆန္ဒ…. တင်ပြချိန် တန်ပြီ
၈နှစ်ကျော် ၉နှစ်နီးပါး ….မီးလောင်ပြာကျဘ၀နဲ့ …. ရင်ဆိုင်ရသည်
ပြည်တွင်းစစ်သာ တရားခံဖြစ်သည်

တို့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်….အရေးဆိုမည်…. အရေးဆိုမည်….အရေးဆိုကြရမည်
ပြည်တွင်းငြိမ်းချမ်းရေး….ပြည်တွင်းငြိမ်းချမ်းရေး…. ပြည်တွင်းငြိမ်းချမ်းရေးကို တို့ လိုပါသည်

ကျောင်းသူကျောင်းသား…အလုပ်သမား လယ်သမားညီ
စာပေအနုပညာ ဂီတသမားတွေ….၀ိုင်းဝန်း..ရိုင်းပင်း…စနစ်ကို ပြင်မည်

ပြည်တွင်းငြိမ်းချမ်းရေး….ပြည်တွင်းငြိမ်းချမ်းရေး…. ပြည်တွင်းငြိမ်းချမ်းရေးကို တို့ လိုပါသည်

ကျောင်းသူကျောင်းသား…အလုပ်သမား လယ်သမားညီ
စာပေအနုပညာ ဂီတသမားတွေ….၀ိုင်းဝန်း..ရိုင်းပင်း…စနစ်ကိုပြင်မည်

ငြိမ်းချမ်းရေးအတွက်….အေးလျက်မမြင်လိုပြီ
လူသားအပေါင်းက တောင်းဆိုရမည်

ငြိမ်းချမ်းရေးအတွက်….အေးလျက်မမြင်လိုပြီ
လူသားအပေါင်းက တောင်းဆိုရမည်

တခဲနက်ကြွေးကြော်သံတွေညီ…. တခဲနက်ကြွေးကြော်သံတွေညီ
တို့ ကျောင်းသူကျောင်းသားများက…ရှေ့ တန်းကသာပါဝင်မည်
အနာဂတ်ဗမာပြည်…သာယာစိုပြေမည်
အများစုဆန္ဒတင်ပြမည်
ပြည်တွင်းငြိမ်းချမ်းရေးသာ….လိုပါသည်။

(ပေးပို့ လာသော ပွင့်သစ်အား ကျေးဇူးတင်ရှိပါသည်)။

No comments: