Monday, August 1, 2011

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပေါ်ထွက်ခဲ့သည့် ကာတွန်းများ။

၁၉၈၈ ခုနှစ် ရဟန်းရှင်လူ ကျောင်းသားပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွဲခဲ့သည့် အာဏာရှင်ဆန့် ကျင်ရေး ဒီမိုကရေစီရရှိရေးအရေးတော်ပုံကြီး (ရှစ်လေးလုံးအရေးတော်ပုံကြီး) အတွင်း ပေါ်ထွက်ခဲ့သည့် ကာတွန်းများ ဖြစ်ပါသည်။

ယခုဖေါ်ပြသည့် ကာတွန်းများမှာ အာဏာရှင်လက်အောက် မြန်မာပြည်၏ အခြေအနေများအား ထင်ဟပ်ပေါ်လွင်စေခဲ့ပြီး ယခုမျက်မှောက်ကာလတိုင်အောင် အသွင်တူဆဲ ဖြစ်ပါသည်။

ရဟန်းရှင်လူပြည်သူများရဲ့  ညီညွတ်သောအင်အား၊ ရဲရင့်သော လှုပ်ရှားဆောင်ရွက်မှုများ၊ ခိုင်မာသော စိတ်ဓါတ်များနဲ့  အာဏာရှင်အား မကြောက်မရွံ့  ဆန့် ကျင်တိုက်ပွဲဝင်ခဲ့မှုကြောင့် တစ်ပါတီ အာဏာရှင်စနစ်ဖြစ်သည့် နေ၀င်း ဦးဆောင်သည့် မဆလပါတီအား အမြစ်ပြတ် ဖြုတ်ချနိုင်ခဲ့သည်မှာ မြန်မာ့သမိုင်းတွင် ထူးချွန်ပြောင်မြောက်သော ပြည်သူ့ မှတ်တမ်း ဖြစ်ပါသည်။

၈၈၈၈ (ရှစ်လေးလုံး) ပြည်သူလူထုလှုပ်ရှားမှုကြီးအတွင်း ကျဆုံးခဲ့သော ၀ိညာဉ်များနဲ့  ရှင်သန်နေဆဲ အင်အားစုများဟာ ခောတ်အဆက်ဆက်မှာ ထပ်မံပေါ်ပေါက်လာနေတဲ့ အင်အားသစ် မျိုးဆက်သစ်များနဲ့ အတူ လက်တွဲကာ အာဏာရှင်အား နည်းပေါင်းစုံဖြင့် ဆက်လက်ချေမှုန်းသွားဦးမည်မှာ မလွဲဧကန် ဖြစ်ပါသည်။

No comments: