Tuesday, August 9, 2011

အာဏာရူးတို့ ရဲ့  တစ်ပါတီကြီးစိုးမှုဟာ နောက်ဆုံး ပြိုကျပျက်စီးရတယ်ဆိုတာ ၈၈၈၈ က သမိုင်းသက်သေတည်တယ်။

မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ) လို့  သတ်မှတ်ပြီး တိုင်းပြည်ကို (၂၆) နှစ်ကျော်ကြာ တစ်ပါတီအာဏာရှင်စနစ်နဲ့  စိုးမိုးဗိုလ်ကျအုပ်ချုပ်ခဲ့တဲ့ နေ၀င်း အာဏာရှင်အစိုးရဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  အရှိန်အဟုန်ကြောင့် နောက်ဆုံးမှာ တစ်ပါတီကြီးစိုးတဲ့စနစ်လည်း ဖျက်သိမ်းပေးခဲ့လိုက်ရပါတယ်။


























သမိုင်းကြောင်းကို ပြန်ပြောရရင်တော့ - နေ၀င်း ကြီးစိုးစဉ်ကာလမှာ မဆလပါတီကို ၀င်မှသာလျှင် အခွင့်အရေးတွေပေး ရာထူးအဆင့်အတန်းတွေတိုးပေးနဲ့  မြှောက်စားပြီး၊ မကြိုက်နှစ်သက်လို့  ဒီပါတီများ မ၀င်ခဲ့ဘဲ ငြင်းပယ်ခဲ့သူတစ်ဦးဆိုရင်တော့ စစ်တပ်ထဲမှာဖြစ်ဖြစ် ၀န်ထမ်းအဖွဲ့ အစည်းထဲမှာဖြစ်ဖြစ် ဘယ်နေရာမှာဘဲဖြစ်ဖြစ် ထိုက်သင့်တဲ့ ရရှိသင့်တဲ့အခွင့်အရေးတွေ ရဖို့ ဝေးစွ ဘေးချောင်ထိုးခံရတာတွေ တစ်နယ်တစ်ကျေးကို ပြောင်းရွှေ့ ခံရတာတွေ ရာထူးအဆင့်အတန်းမတိုးပေးတာတွေနဲ့  အာဏာရှင်တို့ က ပညာပြခဲ့ကြပါတယ်။

အာဏာရှင် နေ၀င်းတို့ ရဲ့  ဒီ မဆလပါတီကို မက်လုံးတွေပေးပြီး မ၀င်မဖြစ်ရလေအောင် စီစဉ်တားခဲ့ကြပါတယ်။ မဆလပါတီရဲ့  ပုံသဏ္ဍန်ကိုလည်း အမျိုးမျိုး ဖန်တီးပြီး အဆင့်ဆင့်ဖန်တီးပြီး ၄င်းတို့ အာဏာရှင်တွေအတွက် အထူးစိတ်ချရသူတွေကို မွေးထုတ်ဖို့  လုပ်ခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေကိုပါ ၀ါဒမှိုင်းတိုက်ပြီး အခြေခံ မူလတန်းပညာရေး တက်ရောက်သင်ကြားနေသူတွေဆိုရင် တေဇလူငယ်၊ အလယ်တန်းပညာရေး တက်ရောက်သင်ကြားနေသူတွေဆိုရင် ရှေ့ ဆောင်လူငယ်၊ အထက်တန်းပညာရေး တက်ရောက်သင်ကြားနေသူတွေဆိုရင် လမ်းစဉ်လူငယ်ဆိုပြီး မဆလပါတီလက်အောက်ခံအဖြစ် မရောက်ရောက်အောင် အထူးအခွင့်အရေးတွေ ပေးပြီး နေ၀င်းအာဏာရှင်ရဲ့  တစ်ပါတီင်္အုပ်ချူပ်မှုဖြစ်တဲ့ မဆလပါတီလက်အောက်မှာ လူဦးရေးအင်အားအရရော အသုံးချခိုင်းစေဖို့ အတွက်ရော နားလှည့်ပါးရိုက်ပြီး ပြည်သူလူထုအပေါ် လိမ်ညာလှည့်ဖြား ဆောင်ရွက်ခဲ့ပါတယ်။

တေဇလူငယ်၊ ရှေ့ ဆောင်လူငယ်၊ လမ်းစဉ်လူငယ်ဆိုတဲ့ အဆင့်ထက် ကျော်လွန်တာကတော့ မဆလပါတီကို ၀င်ရောက်ခိုင်းတာဘဲ ဖြစ်ပါတယ်။ အသက် (၁၈) နှစ်ပြည့် အရွယ်ရောက်ပြီဆိုရင် မဆလပါတီထဲကို ၀င်ရောက်ခိုင်းတာဘဲ ဖြစ်ပါတယ်။ ပထမဦးစွာ မဆလ အရံပါတီဝင်အဖြစ် ၀င်ရောက်ခိုင်းပြီးမှ နောက်တစ်ဆင့်အနေနဲ့  တင်းပြည့်ပါတီဝင် ဖြစ်ရတာပါ။ ဒီလို ပါတီဝင်ဖြစ်မှသာလျှင် ပြည်သူပြည်သားတစ်ဦးဟာ အလုပ်အကိုင်အဆင်ပြေဖို့  ရာထူးအဆင့်အတန်းတိုးဖို့  နေရာကောင်းရဖို့  အစရှိတဲ့ အခွင့်အရေးတွေအတွက် ထည့်သွင်းစဉ်းစားခံရတာပါ။ နို့ မဟုတ်ရင်တော့ နေ၀င်းအာဏာရှင် ဖန်တီးထားတဲ့ အာဏာရှင်စနစ်လက်အောက်မှာ ဘယ်လို ငတ်ပြတ်နေထိုင်ကျရမလည်းဆိုတာ တွေးကြည့် သုံးသပ်ကြည့်လို့ ရပါတယ်။

အာဏာရှင် နေ၀င်းရဲ့ မဆလပါတီ တစ်ပါတီ စနစ်လက်အောက်မှာ အခွင့်အရေးအပေးဆုံး အဆင့်ကတော့ “ကေဒါ” လို့ ခေါ်တဲ့ အဆင်မြင့်ပါတီဝင်ဘဲ ဖြစ်ပါတယ်။ မဆလပါတီရဲ့  အဆင့်မြင့်အဖြစ် တစ်နည်းပြောရရင် နေ၀င်းအာဏာရှင်တို့ အတွက် စိတ်ချယုံကြည်ရလောက်တဲ့ အနေအထားလို့  သတ်မှတ်ထားတဲ့ အဆင့်နေရာဘဲ ဖြစ်ပါတယ်။ ဒီလို နေ၀င်းတို့ ရဲ့  ယုံကြည်စိတ်ချရတဲ့ အဆင့်ရောက်ဖို့ ဆိုတာလည်း လွယ်ကူတယ်လို့  မထင်ပါနဲ့ ။ ဖြတ်သန်းလာခဲ့တဲ့ နောက်ခံသမိုင်းတွေမှာ လူတစ်ယောက်ဟာ ငယ်စဉ်က တေဇလူငယ် ရှေ့ ဆောင်လူငယ် လမ်းစဉ်လူငယ်ဖြစ်ခဲ့သလား၊ မဆလအရံပါတီဝင် တင်းပြည့်ပါတီဝင် ဖြစ်ခဲ့သလား၊ နောက် နေ၀င်း မဆလအစိုးရအလိုကြိုက် လုပ်အားပေးတွေ ခိုင်းစေသမျှတွေ ၀ါဒမှိုင်းတိုက်သင်တန်း တက်ရောက်ခဲ့ဖူးသလား၊ ၀န်ထမ်းတွေဆိုရင် အလုပ်ခွင်အတွင်းမှာ အထက်က မဆလအရာရှိကြီးတွေရဲ့  ယုံကြည်စိတ်ချရမှု အနေအထားရှိရဲ့ လား အဖားကောင်းလား အခိုင်းကောင်းလား အပေးအကမ်းလေးတွေ ရှိလား အစရှိသော ပြည့်စုံမှုရှိသူတွေကို ကောက်ရွေးပြီး ဖောင်ကြီး ပြည်သူ့ ဝန်ထမ်းလေ့ကျင့်ရေးကျောင်းတို့ မှ တစ်ဆင့် နောက်ဆုံး နေ၀င်း မဆလအာဏာရူးတို့ ရဲ့  လူမွေးထုတ်ရာ “ဗဟိုနိုင်ငံရေးတက္ကသိုလ် (ဗနတ)” ဆိုတဲ့ ကျောင်းဝန်းအတွင်းမှာ ၀ါဒမှိုင်းတိုက်မှုအဆင့်မြင့်ဖြစ်တဲ့ “နိုင်ငံရေးသိပ္ပံ” ဘာသာရပ်တွေ စီမံခန့် ခွဲမှု အုပ်ချူပ်မှုပညာတွေကို အဲ့ဒီ ဗနတကျောင်းဝန်းအတွင်းမှာဘဲ စခန်းသွင်းနေထိုင်ခိုင်းပြီး ပို့ ချသင်ကြားပါတော့တယ်။ ဒီလို အာဏာရူးနေ၀င်းတို့ ရဲ့  “ဗဟိုနိုင်ငံရေးတက္ကသိုလ် (ဗနတ)” ကနေ အောင်မြင်လာခဲ့တဲ့သူကိုမှ စောစောက ပြောတဲ့ “ကေဒါ” ဆိုတဲ့ နေ၀င်းတို့ ရဲ့  မဆလပါတီ အကြီးတန်းတစ်ယောက် ဖြစ်လာဖို့  စတင်လာတာ ဖြစ်ပါတယ်။

ဒီတော့ကာ အာဏာရူး နေ၀င်းရဲ့  အာဏာရှင်စနစ်နဲ့ အုပ်ချူပ်မှုအောက်မှာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီလို့  ခေါ်တဲ့ မဆလတစ်ပါတီကြီးစိုးမှုအောက်မှာ တစ်နိုင်ငံလုံးနည်းပါး ပါတီဝင် အင်အားတွေ မဟုတ်မမှန် များပြားနေရတာလည်းဆိုတာ မက်လုံးပေးမှုတွေ လှည့်ဖြားမှုတွေ ဖန်တီးမှုတွေ အနုနည်းနဲ့  ခြိမ်းခြောက်မှုတွေ အကျပ်ကိုင်မှုတွေ အစရှိတဲ့ မရိုးသားသော ကောက်ကျစ်သော လုပ်ဆောင်ချက်များကြောင့် ဖြစ်တယ်ဆိုတာ သိရှိကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နှစ်ပေါင်း (၂၆) နှစ်ကျော်ကြာအောင် ဒီလိုနည်းနဲ့  ပြည်သူလူထုအပေါ် မတရားဗိုလ်ကျ အနိုင်ကျင့် လှည့်ဖြားအုပ်ချူပ်ခဲ့ပေမယ့် ပြည်သူလူထုက အင်တိုက်အားတိုက်နဲ့  ခေါင်းငုံ့ မခံတော့ဘဲ တော်လှန်ဆန့် ကျင်လာချိန်မှာတော့ ပြည်သူအင်အားရဲ့  ထိရောက်အောင်မြင်မှုနဲ့  အမှန်တရားဆိုတာ ပျောက်ကွယ်ရိုးထုံးစံမရှိဖူးဆိုတဲ့ လောကနိယာမ သစ္စာတရားတွေကြောင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးအတွင်းမှာ အာဏာရှင်နေ၀င်းအစိုးရနဲ့  တစ်ပါတီအာဏာရှင်စနစ်ဖြစ်တဲ့ မဆလပါတီဟာ ရုတ်ချည်းဆိုသလို ပြုတ်ကျပြိုကွဲခဲ့ရတယ်ဆိုတာ မြန်မာ့သမိုင်းမှာ ပြည်သူလူထုအောင်ပွဲတစ်ရပ်အဖြစ် သက်သေတည်ခဲ့ပါတော့တယ်။


























အထက်ဖေါ်ပြပါ သမိုင်းမှတ်တမ်းကတော့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူလူထုတော်လှန်ရေးကြီးရဲ့  အရှိန်အဟုန်ကို မခံနိုင်တော့တဲ့ နေ၀င်းအာဏာရူးအစိုးရဟာ ၄င်းတို့ ကြီးစိုးခဲ့တဲ့ တစ်ပါတီစနစ်ဖြစ်တဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ) ကို ဖျက်သိမ်းရတော့မယ့် အခြေအနေမှာ မဆလပါတီကို ဖျက်သိမ်းရတယ် ပျက်စီးကျဆုံးသွားတယ်ဆိုတဲ့ ၀န်ခံမှု ပြုရမှာကို မပြုရဲလို့  ပါတီအဖွဲ့ ဝင်များအား တရားဝင် နှုတ်ထွက်ခွင့်ပြုလိုက်တယ်ဆိုတဲ့ အရှက်ပြေ ဖုံးကွယ်တဲ့ အမိန့် ကြော်ငြာစာကို အောက်သက်သက်နဲ့  ထုတ်ပြန်လိုက်ရတော့တာဘဲ ဖြစ်ပါတယ်။

သို့ သော်လည်း နေ၀င်းအာဏာရူးတို့ ရဲ့  ဒီ အမိန့် ကြေငြာချက် မထုတ်ခင်မှာ တိုင်းပြည်တစ်ပြည်းလုံးက စစ်တပ်အတွင်းက အင်အားစုတွေ၊ အုပ်ချုပ်မှုဌာနဆိုင်ရာက အရာရှိတွေ၊ ပြည်သူ့ ဝန်ထမ်းဌာနအသီးသီးက ၀န်ထမ်းတွေနဲ့  ပြည်သူပြည်သားတွေဟာ နေ၀င်းတို့ ရဲ့  တစ်ပါတီအာဏာရှင်စနစ်ကို ရွံ့ ရှာမုန်းတီး လက်သင့်မခံတော့ဘဲ မဆလပါတီဝင်အဖြစ်မှ မိမိတို့ သဘောဆန္ဒဖြင့် နှုတ်ထွက်ကြကြောင်း သဘောထားထုတ်ပြန်မှုတွေ မဆလပါတီဝင်ကဒ်ပြားတွေ ပြန်အပ်နှံမှုတွေ ဆုတ်ဖြဲဆန္ဒပြမှုတွေဟာ နေရာအနှံ့ ဖြစ်နေခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီလိုနဲ့  အာဏာရှင်နေ၀င်းရဲ့  အုပ်စိုးမှုဟာ ဘုံးဘုံးလဲ ပျက်သုန်းသွားခဲ့ပါတော့တယ်။ ဒါဟာ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  အောင်ပွဲတစ်ရပ်ဆိုတာ ငြင်းပယ်လို့  မရအောင် သမိုင်းသက်သေတည်နေပါတယ်။

ယနေ့ ယခုတိုင်အောင်လည်း ဒီ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံရဲ့  ထိရောက်မှုအတိုင်းအတာနဲ့  ပြည်သူ့ အင်အားသာ အဓိကဆိုတာကို အာဏာရူးတွေမှန်သမျှ ကြောက်ရွံ့ ထိတ်လန့်  တုန်လှုပ်နေရစမြဲပါ။

ယနေ့ ယခုအချိန်ကာလမှာလည်း သန်းရွှေတို့  သိန်းစိန်တို့ ဟာ နေ၀င်းဖန်တီးခဲ့တဲ့ တစ်ပါတီအာဏာရှင်ကြီးစိုးတဲ့ပုံစံလိုမျိုး ကြံ့ ဖွတ်ပါတီကိုလည်း ၄င်းတို့ ရဲ့  အားထားလက်နက်လို ဖန်တီးလုပ်ဆောင်နေတယ်ဆိုတာ လက်တွေ့ မှာရော ပုံသဏ္ဍန်အရရော သိနားလည် မြင်တွေ့ ကြမှာပါ။

သို့ သော်လည်းဘဲ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးလို ရဟန်းရှင်လူ တိုင်းသူပြည်သားတွေရဲ့  အင်အားကြီးမားသော ပြည်သူ့ အင်အားပြတဲ့ တော်လှန်ရေးလှုပ်ရှားမှုကြီးတစ်ရပ်သာ မနှေးအမြန်ပေါ်ပေါက်လာရင်တော့ ချက်ချင်းပြုတ်ကျသွားမယ်ဆိုတာ ယုံကြည်ပါတယ်။ အမှန်တရားနဲ့  ပြည်သူ့ အင်အားသည်သာ လောကသစ္စာတရားဆိုတာ အခိုင်အမာ သက်သေပြပါလိမ့်မယ်။


No comments: