Wednesday, August 10, 2011

ရေမြောင်းတွေ ဖေါ်ပါတယ်ဆိုတဲ့ အပြောနဲ့  အော်နေတဲ့ စည်ပင်သာယာရဲ့  ဆိုင်းဘုတ်တောင် ရေမြုပ်နေပြီ။

မြန်မာပြည်မှာ မီလောင် ရေကြီးဒုက္ခတွေက သဘ၀ဘေးအန္တရာယ်ဆိုတာထက် ကြိုတင်ကာကွယ်မှုတို့  ပြင်ဆင်မှုတို့  ကယ်ဆယ်ရေးတို့  ညံ့ဖြင်းလွန်းလို့  ပိုဆိုးပါတယ်။ အခုဆို ရေတွေကြီးနေလို့  စည်ပင်သာယာဆိုင်းဘုတ်တောင် ရေမြုပ်နေရပါပြီ။









































မြန်မာပြည် မိုးတွင်းကာလမှာ မိုးရွာသွန်းမှုကြောင့်ဆိုတာထက် ရေထုတ်ရေနှုတ်မြောင်းတွေ ပိတ်ဆို့ မှု စနစ်တကျဆောင်ရွက်ထားမှု မရှိတာတွေ၊ လမ်းမတွေကို နည်းကျလမ်းကျ ဖောက်လုပ်မထားမှု၊ အမှိုက်သရိုက် အညစ်အကျေးများ ပုံမှန်သိမ်းဆည်းမှု မရှိမှု၊ မြစ်ချောင်းအင်းအိုင်တွေကို ရေစီးရေလာကောင်းအောင် ပြုပြင်မွမ်းမံခြင်း မရှိမှုနဲ့  မလိုအပ်ဘဲ ဆည်တာတမံတွေကို ရေဖောက်ချမှု အစရှိတဲ့ ညံ့ဖြင်းလွန်းတဲ့ စီမံမှုတွေကြောင့် သဘာဝ မိုးရွာသွန်းမှုကြောင့်ဆိုတာထက် မြန်မာပြည်မှာ ရေမြုပ်ရေကြီးရတာတွေ အမြဲလိုလို ဖြစ်ပျက်နေပါတယ်။




































































































































































ဒီအလုပ်တွေ တာဝန်တွေကို တာဝန်ယူလုပ်ဆောင်ပေးဖို့ ဆိုတာ ဘယ်သူ့ မှာ တာဝန်ရှိပါသလည်းဆိုတာ ပြောရရင် အဓိက တာဝန်ရှိတာ တိုင်းပြည်ကို အုပ်ချူပ်နေပါတယ်ဆိုတဲ့သူတွေက စပြီး မြို့ နယ် ရပ်ကွက် စည်ပင်သာယာရေးအဖွဲ့ မှာ အဓိကတာဝန် ရှိပါတယ်။









































အခုတော့ ပဲခူးမြို့ မှာ လမ်းမတွေ ရေလျှံ၊ ရေတွေမြုပ်နဲ့  ဖြစ်နေတာ စည်ပင်သာယာဆိုင်းဘုတ်တောင် ရေမြုပ်နေတာ မြင်ရပါတော့တယ်။ ဖြစ်မှ ဖြစ်ရလေ သိန်းစိန်အာဏာရူးတို့ လက်အောက်က စည်ပင်သာယာရယ်။

No comments: