အမေ့အားမာန် ပညာဒါနကျောင်း (ရန်ကုန်၊ ဒလမြို့ )။
မနေ့ က (၂၁.၈.၁၁) ရက်နေ့ မှာ အမေစုရဲ့ စေတနာ မုန့် အလှူအတွက် ဒလမြို့ နယ်မှာ ဖွင့်ထားတဲ့ အမေ့အားမာန် ပညာဒါနကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် တာဝန်ရှိလူကြီများ နဲ့ လူငယ်တွေ သွားရောက် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။
အမေ့အားမာန် ပညာဒါနကျောင်းလေးမှာ ကလေးငယ် အယောက် (၁၃၀) ကို စေတနာဆရာ (၆) ဦးက ချို့ ချို့ တဲ့တဲ့ အခြေအနေတွေကြားထဲမှ ပညာသင်ကြားပေးလျှက် ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှလည်း တတ်နိုင်သမျှ ထောက်ပံ့လျှက်ရှိပြီး အလှူရှင်များမှလည်း ပူးပေါင်းပါဝင် ပညာဒါန ဖြည့်ဆည်းပေးကြဖို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်။
အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လေးစားစွာဖြင့် -
ကိုငယ် (ဖုန်း - ၀၉ ၅၁၆၂၀၆၀)
No comments:
Post a Comment