Monday, August 22, 2011

အမေ့အလင်းရောင် ပညာဒါနကျောင်း (ရန်ကုန်၊ ကော့မှူးမြို့ )။

မနေ့  (၂၁.၈.၁၁) ရက်နေ့ မှာပဲ အမေစုရဲ့ စေတနာ မုန့် အလှူအတွက် ဒလမြို့ နယ်ပြီးတော့ ကော့မှူးမြို့ နယ်မှာ ဖွင့်ထားတဲ့ အမေ့အလင်းရောင် ပညာဒါနကျောင်းကို အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ် တာဝန်ရှိလူကြီများနဲ့ လူငယ်များ ဆက်လက်သွားရောက် ကျွေးမွေးလှူဒါန်ခဲ့ကြပါတယ်။



အမေ့အလင်းရောင် ပညာဒါနကျောင်းလေးမှာ ကလေးငယ် အယောက် (၁၆၉) ဦးကို စေတနာဆရာ ( ၁၂ ) ဦးက ချို့ ချို့ တဲ့တဲ့ အခြေအနေကြားမှ ပညာသင်ကြားပေးလျှက်ရှိပါတယ်။

ရန်ကုန်မှ ဆရာ (၈) ဦး၊ တွံတေးမှ ဆရာ (၃)၊ ကော့မှူးမှ ဆရာ (၁) ဦးတို
့ ပညာဒါနပြုနေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရန်ကုန်မှ လူငယ်ဆရာများကတော အချိန်ပြည့်နေပြီး ဦးဆောင်သင်ကြားပေးနေပါတယ်။

စာသင်ချိန်များကတော့ ( တနင်္လာ မှ သောကြာ ) -

မနက် (၆း၃၀) နာရီမှ (၈း၃၀) နာရီထိ သူငယ်တန်းမှ ဒုတိယတန်း၊
ညနေ (၃း၃၀) နာရီမှ (၆း၃၀) နာရီထိ တတိယတန်းမှ စတုတ္ထတန်း
ညနေ (၆း၃၀) နာရီမှ (၉း၃၀) နာရီထိ ပဉ္စမတန်းမှ အဋ္ဌမတန်း၊

(စနေ + တနင်္ဂနွေ) တစ်နေလုံး အတန်စုံ သင်ကြားပေးနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှလည်း တတ်နိုင်သမျှ ထောက်ပံ့လျှက်ရှိပြီး အလှူရှင်များမှလည်း
ပူပေါင်းပါဝင် ပညာဒါန ဖြည့်ဆည်းပေးကြဖို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်။

အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ်ပညာရေးကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

လေးစားစွာဖြင့် -

ကိုငယ် (ဖုန်း - ၀၉ ၅၁၆၂၀၆၀)။

No comments: