Wednesday, August 31, 2011

Human Rights Logo ဒီဇိုင်း နိုင်ငံတကာအဆင့် ပြိုင်ပွဲတွင် ဆန်ကာတင် (၁၀) ပုံအား ရွေးချယ်ပြီးစီး။

လူ့ အခွင့်အရေးမြင့်တင်ရေး Human Rights Logo ဒီဇိုင်း နိုင်ငံတကာအဆင့် ပြိုင်ပွဲအတွက် မိမိနှစ်သက်ရာ ရေးဆွဲထားသည့် logo ဒီဇိုင်းများအား ၀င်ရောက်ယှဉ်ပြိုင်ဖို့  ဖိတ်ခေါ်ခဲ့ရာ၊ ယခုအခါတွင် နောက်ဆုံးအဆင့် ယှဉ်ပြုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းလုံးမှ ၀င်ရောက်ယှဉ်ပြိုင်ကြသူများရဲ့ လက်ရာများထဲမှ ဆန်ကာတင် (၁၀) ပုံအား ရွေးချယ်ပြီးစီးကြောင်း သိရှိရပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ Human Rights logo ဒီဇိုင်းတွေဟာ ““by people for people - ပြည်သူလူထုအတွက် ပြည်သူလူထုမှ” အဓိပ္ပါယ် ရည်ညွှန်းကာ အဆိုပါ ရည်ညွှန်းချက် ပေါ်လွင်သက်ရောက်စေရန် သတ်မှတ်ထားရှိပါတယ်။

နောက်ဆုံးရွေးချယ်မှုတွင် ပထမဆုအနေဖြင့် ယူရို (Euro) ၅၀၀၀၊ ဒုတိယဆုအနေဖြင့် ယူရို ၃၀၀၀၊ တတိယဆုအနေဖြင့် ယူရို ၁၀၀၀ ချီးမြှင့်မှာဖြစ်ပြီး ဆုရ logo ဒီဇိုင်းများကိုလည်း နိုင်ငံတကာအဆင့် အသိအမှတ်ပြု ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။

ဒီ နိုင်ငံတကာအဆင့် Human Rights Logo Design ပြိုင်ပွဲအတွက် ဆုံးဖြတ်ရွေးချယ်ပေးမယ့်သူများထဲမှာ လူ့ အခွင့်အရေးအတွက် စွမ်းစွမ်းတမန် ဆောင်ရွက်နေကြတဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးများ ပါဝင်ကြောင်းနဲ့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း တစ်ဦးအပါအ၀င်ဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာပြည်သူပြည်သားများထဲမှလည်း ဒီ နိုင်ငံတကာအဆင့် Human Rights Logo Design ပြိုင်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်မှုများ ရှိကြပါတယ်။ မြန်မာပြည်သူပြည်သားများရဲ့  ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဒီဇိုင်းပုံများကို http://humanrightslogo.net/community မှာ ကြည့်ရှူနိုင်ပါတယ်။

နောက်ဆုံးအဆင့် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ဆန်ကာတင် (၁၀) ပုံကတော့ အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါတယ်။ ဒီ (၁၀) ပုံထဲကနေ ပထမ၊ ဒုတိယနဲ့  တတိယ ရရှိမယ့် ဒီဇိုင်းပုံများကို ရွေးချယ်သွားမှာဖြစ်ပြီး လာမည့် စက်တင်ဘာလ (၂၃) ရက်နေ့ မှာ တရာဝင်ကြေညာဖေါ်ပြမှာ ဖြစ်ပါတယ်။






















ယခုရွေးချယ်ထားတဲ့ ဆန်ကာတင် (၁၀) ပုံထဲက ပထမ၊ ဒုတိယနဲ့  တတိယဆုများအတွက် ၀ိုင်းဝန်း မဲပေးရွေးချယ်ကြဖို့ ကို ဖိတ်ခေါ်ထားပါတယ်။ မဲပေးရမယ့်နေရာကတော့ http://humanrightslogo.net/ ဖြစ်ပါတယ်။







No comments: