Thursday, September 1, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ မှ အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တစ်ဆင့် နိုင်ငံရေးအကျဉ်းသားများအား ကူညီ။

ယမန်နေ့  သြဂုတ်လ (၃၀) ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ မှ ဦးလှသိန်း ၊ဦးကြူလှိုင်၊ ဒေါ်ကြည်ကြည်ဝင်းတို့ မှ အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးသို့  ရောက်ရှိလာပြီး မြို့ နယ် စည်းအဖွဲ့ ဝင် အတွင်းရေမှူး ဦးသိန်းအောင်၊ လူငယ်ခေါင်းဆောင် ကိုလူမော်လတ်တို့ နှင့် တွေ့ ဆုံကြကြောင်း သိရှိရပါသည်။




























ထို့ နောက် အလုံမြို့ နယ်မှ အင်းစိန်ထောင်တွင် (၂၉ ) နှစ် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ မသန္တာ၏ ဖခင်ဖြစ်သူ လေဖြတ်နေသူ ဦးခင်ညို (၈၅)နှစ်၏ နေအိမ်သို့  သွားရောက်ပြီး၊ ဗဟိုလူမှုအထောက်အကူပြုစည်းအဖွဲ့ ၏ ဆုံးဖြတ်ချက်ဖြင့် ကျန်းမာရေး အသုံးစာရိတ်အတွက် ကျပ်ငွေ (၅) သောင်း ကူညီပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ကျန်းမာရေးအသုံးစရိတ်ကူညီငွေအား အလုံမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင်ဖြစ်သူ၊ အကြမ်းမဖက်အမျိုးသားလှုပ်ရှားမှုအဖွဲ့ ဦးဆောင်သူ ကိုလူမော်လတ် ထံ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။



















































































မသန္တာမှာ အင်းစိန်ထောင်တွင် နိုင်ငံရေးမှုဖြင့် ထောင်ဒဏ် (၂၉) နှစ် မတရား ကျခံနေရပြီး၊ ၄င်းအား ထောင်ဝင်စာတွေ့ ရင်း ဖခင်ဖြစ်သူ ဦးခင်ညိုမှာ ပြီးခဲ့သော (၂) နှစ်ကျော်မှ စပြီး လေဖြတ်ရောဂါဝေးနာ ခံစားနေခဲ့ရခြင်း ဖြစ်ပါသည်။




























မသန္တာ၏ ထောင်ဝင်စာနှင့် ၄င်း၏ ဖခင် ဦးခင်ညိုတို့ အတွက် ကိုလူမော်လတ်တို့ မှ နိုင်ငံရေးအကျဉ်းကျသူများနှင့် ၄င်းတို့  မိသားစုများအား အရေးပေါ်လူမှုစောင့်ရှောက်မှု အစီအစဉ် တစ်ရပ်အနေနဲ့ ကူညီတာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သိရှိရပါသည်။ ကိုလူမော်လတ် ဖခင်ဖြစ်သူ အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဘမြင့်မှာလည်း နိုင်ငံရေးမှုဖြင့် ဗန်မော်အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀) ကျခံနေရပြီး၊ ဒုဥက္ကဌ ဦးတင်ကြည်မှာလည်း အင်းစိန်ထောင်တွင် ထောင်ဒဏ် (၇) နှစ် ကျခံနေရပါတယ်။ အလုံမြို့ နယ်မှ နိုင်ငံရေးမှုဖြင့် မတရားအကျဉ်းကျခံနေရသူများမှာ ဒေါ်ချိုနှင့် ကိုသီဟ၀င်းတင်တို့  အပါအ၀င် လက်ရှိတွင် စုစုပေါင်း (၅) ဦး ရှိကြောင်း သိရှိရပါသည်။





No comments: