Friday, September 30, 2011

ဗိုလ်ကြီး ရဲဇော်သိုက်အား သက်ဆိုင်ရာမှ ထိထိရောက်ရောက် အရေးယူပေးပါရန်။




















ဗိုလ်ကြီး ရဲဇော်သိုက် (ကြည်း) ၃၇၁၅၈ (သိပ္ပံနှင့်တပ်မတော် နည်းပညာတပ် ၊ သပိတ်ကျင်း) ဟာ အမျိုးသမီးတစ်ဦးအား ခန္ဓာကိုယ် လိမ်လည်ရယူခဲ့ပါတယ်။

ဗိုလ်ကြီး ရဲဇော်သိုက်ရဲ့  ကိုယ်ရေးအကျဉ်းကတော့ - မွေးနေ့ (၂၈ . ၉ . ၁၉၈၆)၊ မိဘအမည်က ဦးဆွေဝင်း ဒေါ်ခင်အေး ဖြစ်ပြီး၊ နေရပ်လိပ်စာက အောင်ချမ်းသာရပ်ကွက်၊ ရွှေဘိုမြို့ ဖြစ်ပါတယ်။

ဒီ ဗိုလ်ကြီး ရဲဇော်သိုက်ဟာ နိုင်ငံတော်က လွှတ်လို့  ရုရှနိုင်ငံရောက်ရှိနေစဉ်မှာ အင်တာနက် အွန်လိုင်းပေါ်ကနေတစ်ဆင့် တိုင်းရင်းသူ မနန်း xxx (အမည်မှန်ကို ဖေါ်ပြရန် မဖြစ်သဖြင့် ချန်လှပ်ရပါသည်) ရှမ်းအမျိုးသမီးတစ်ဦးနဲ့  ချစ်ကြိုက်ပြီး လက်ထပ်ယူပါမည်ဟု ဂတိပေးပြီး၊ ရန်ကုန်သို့ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့  ပြန်အရောက်တွင် ၁၃ ရက် ဂျူလိုင် ၂၀၀၉ တွင် Great ဟိုတယ်၊ ၁၄ ရက် ဂျူလိုင် ၂၀၀၉ တွင် မြေနီကုန်းက SWEET ဟိုတယ်နှင့် ၂၁ ရက် ဂျူလိုင် ၂၀၀၉ တွင် ဘရင့်နောင် Green Palace ဟိုတယ်နေရာများတွင် မနန်းအား ခေါ်ယူတွေ့ ဆုံကာ ကာမ ရယူခဲ့ပါတယ်။

တိုင်းရင်းသူ အမျိုးသမီးလေး မနန်းက လက်ထပ်ယူဘို့ ပြောတဲ့အခါမှာ ရာထူးမတက်မည် စိုးသောကြောင့်ဟု ဆိုကာ ရှောင်ပြေးပါတယ်။ အဆက်အသွယ်ဖြတ် ရှောင်တိမ်းသွားပြီးနောက် မနန်းမှ ရှေ့ နေနှင့် ပြောပီး လက်ထပ်ယူပါရန် ဆက်သွယ်စုံစမ်း အကြောင်းကြားတဲ့အခါမှာတော့ ဗိုလ်ကြီး ရဲဇော်သိုက်က ငွေ ငါးသိန်း ပို့ ပြီး သူ့ အား မနှောက်ယှက်ပါနဲ့ ပြောခဲ့ပါတယ်။

ဗိုလ်ကြီး ရဲဇော်သိုက်ဟာ မိန်ကလေးတစ်ဦးကို ကိုယ်ထိလက်ရောက် ဖျက်ဆီးခဲ့ပြီး အလျော်ငွေကြေးပေးတဲ့သဘောမျိုးနဲ့  လုပ်ဆောင်မှုဟာ ကာယကံရှင်အမျိုးသမီးကောင်းတစ်ဦးအနေနဲ့  များစွာ ထိခိုက်နစ်နာရပါတယ်။

ဒီ ဗိုလ်ကြီး ရဲဇော်သိုက် (ကြည်း ၃၇၁၅၈) ဟာ ယခုလက်ရှိမှာ တစ်ခြားမိန်းခလေးတစ်ယောက်နဲ့  စေ့စပ်ထားကြောင်းလည်း သိရှိရပါတယ်။

သို့ပါသောကြောင့် တိုင်းရင်းသူ မိန်းခလေးတစ်ယောက်ရဲ့ နစ်နာမှုကို သက်ဆိုင်ရာမှ ထိထိရောက်ရောက် အရေးယူပေးဖို့ အတွက် ကာယကံရှင်များဘက်မှ ဆန္ဒရှိကြောင်း သိရှိရပါတယ်။

No comments: