Friday, September 30, 2011

ဆင်ခြေတွေများမနေပါနဲ့  သိန်းစိန်ရယ်၊ ပြည်သူတွေ ပြောနေတာ ဧရာဝတီမြစ်ဆုံဒေသမှာ လက်ရှိလုပ်နေတဲ့ ရေကာတာတွေ အလျင်းရပ်ဆိုင်းဖို့ ပါ။ လုံးဝ မလုပ်ဖို့ ပါ။

ဧရာဝတီမြစ်ဆုံဒေသက ရေကာတာစီမံကိန်းကိစ္စနဲ့  ပတ်သက်ပြီး သိန်းစိန်ရဲ့  ပြောစကား နားထောင်ကြည့်ရင် သိန်းစိန် ပြောနေတာတွေ အဓိပ္ပါယ်မဲ့လွန်းလှပါတယ်။

Thein Sein lies for the Dams on Irrawaddy River by Niknayman

ဆင်ခြေတွေများမနေပါနဲ့  သိန်းစိန်ရယ်၊ ပြည်သူတွေ ပြောနေတာ ဧရာဝတီမြစ်ဆုံဒေသမှာ လက်ရှိလုပ်နေတဲ့ ရေကာတာတွေ အလျင်းရပ်ဆိုင်းဖို့ ပါ။ လုံးဝ (လုံးဝ) မလုပ်ဖို့ ပါ။

မြန်မာပြည်ကြီး လျှပ်စစ်မီး မရတာ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဖူး၊ တိုင်းပြည်မှာ အာဏာရှင်စနစ်နဲ့  အုပ်ချူပ်နေပြီး ကိုယ်ကျိုးစီးပွားလုပ်နေတဲ့ သန်းရွှေတို့  သိန်းစိန်တို့  နိုင်ငံတော်သူခိုးကြီးများကြောင့်ပါ။

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး လူသိရှင်ကြားဖြစ်ကုန်ပြီး တိုင်းသူပြည်သားတွေက ဆန္ဒသဘောထားတွေ ဆက်တိုက်ဖေါ်ပြနေတာမို့  မလိမ့်တပါတ်နဲ့  ဖြောင့်ဖြသလိုလို နှစ်သိမ့်သလိုလိုနဲ့  တကယ်တမ်းမှာ ဒီစီမံကိန်းတွေ ငါတို့  လုပ်ချင်တဲ့ အချိန်မှာ

ဆက်လုပ်မှာဘဲလို့  ပြည်သူလူထုကို စိန်ခေါ်ထားတာဘဲ။ ခိုးပြီး လုပ်မရတော့ ခဏရပ်ပြတယ်၊ ခဏရပ်နေရင်း ခိုးလုပ်နေမယ်၊ ပြည်သူလူထုအသံတွေ ငြိမ်သွားရင် ပေါ်တင် ပြန်လုပ်မယ်ဆိုတဲ့ အာဏာရူးတွေရဲ့  လှည့်ကွက်တွေနဲ့  ကလိမ်ကကျစ်နည်းတွေ အဖြစ်အပျက်တိုင်းမှာ ကြုံရလွန်းလို့  ပြည်သူတွေ သိနေပါပြီ။

လေပြေလေးသွေးပြီး ဖြောင့်ဖြပြောဆိုတာတွေ၊ အချိန်ဆွဲတာတွေ၊ အပျော့နည်းလေးနဲ့  ပြောနေတဲ့ သိန်းစိန်က တစ်ဘက်၊ ခပ်မာမာနဲ့  စော်ကားပြောတဲ့ လျှပ်စစ်ဝန်ကြီး ဇော်မင်းက တစ်မျိုးနဲ့  အာဏာရူးတွေ အချင်းချင်း တိုင်ပင်ထားပြီး ပြည်သူလူထုကို ထပ်မံ သွေးတိုးစမ်း လိမ်လည်ပြနေပါတယ်။

ပြည်သူလူထုရဲ့  သဘောဆန္ဒက ဧရာဝတီမြစ်ဆုံဒေသက ရေကာတာစီမံကိန်းတွေ အလျင်း ရပ်ဆိုင်းဖို့  ၊ အမြန်ဆုံး ဖျက်သိမ်းပစ်ဖို့ ပါ ...

ပြည်သူလူထုရဲ့  သဘောဆန္ဒက ဧရာဝတီမြစ်ဆုံဒေသက ရေကာတာစီမံကိန်းတွေ အလျင်း ရပ်ဆိုင်းဖို့  ၊ အမြန်ဆုံး ဖျက်သိမ်းပစ်ဖို့ ပါ ...



















(ဓါတ်ပုံ - တရုတ်အားကိုး ပုဆိန်ရိုး သိန်းစိန်တစ်ယောက် တရုတ်ကို ပထွေးသွားတော်နေတာပါ)။

No comments: