Monday, September 19, 2011

အဆိုတော်အနဂ္ဂနဲ့ သံသာဝင်းတို့ ရဲ့  မွန်မြတ်သောဒါန။

ဒီကနေ့  စက်တင်ဘာလ (၁၉) ရက်နေ့ မှာ ကျရောက်တဲ့ အဆိုတော် သံသာဝင်းနဲ့  အနဂ္ဂရဲ့  တူလေး အခရာတို့ ရဲ့  မွေးနေ့ မှာ ကုသိုလ်ကောင်းမူပြုတဲ့အနေဖြင့် အမေ့အိမ်ပညာဒါနကျောင်း (လှိုင်သာယာ) မှ ကလေးငယ်များအားလုံးကို ဗလာစာအုပ်နှင့် စာရေးကရိယာများ၊ အဟာရမုန့် နှင့် အအေးတို့ ကို ကလေးတဦးချင်းစီအား ကိုယ်တိုင်ကိုယ်ကျ ကြင်နာစွာ လာရောက်
ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။

အမေ့အိမ်ပညာဒါနကျောင်း ရံပုံငွေအဖြစ် အလှူငွေကျပ် ( ၁၀၀,၀၀၀ ) တစ်သိန်းကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။

နိုင်ငံကျော်အနုပညာရှင်နှစ်ဦးတို့ ရဲ့  ဖြူစင်တဲ့  စေတနာနဲ့ ကျွေးမွေးလှူဒါန်းမူဟာ ကလေးငယ်များအတွက် ခန္ဒာကိုယ်အဟာရသာမက စိတ်ဓါတ်အင်အားတွေကိုပါ မြှင့်တင်ပေးရာရောက်စေတာမို့ အမေ့အိမ်ပညာရေးကော်မတီမှ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါသည်။

ပကာဿနမပါ ဖြူစင်မွန်မြတ်သော ဒါနမို့ အားလုံး သာဓုခေါ်နိုင်ရန် မျှဝေလိုက်ပါတယ်။

လေးစားစွာဖြင့် -

ကိုငယ်( ၀၉ ၅၁၆ ၂၀၆၀ )

အမေ့အိမ် ပညာရေးကော်မတီ။


No comments: