ရွှေဝါရောင် လေးနှစ်ပြည့် တမ်းချင်း။
ရွှေဝါရောင်ဟာ         အိမ်မက်မဟုတ်ဘူး
ရွှေဝါရောင်ဟာ         တကယ့်အဖြစ်အပျက် ။
ရွှေဝါရောင်ဟာ        အပြောမဟုတ်ဘူး
ရွှေဝါရောင်ဟာ        လက်တွေ့တိုက်ပွဲ ။
ရွှေဝါရောင်ဟာ        ပုံပြင်မဟုတ်ဘူး
ရွှေဝါရောင်ဟာ        တကယ့်သမိုင်း  ။
ရွှေဝါရောင်ဟာ         ရာသီအလိုက်ပွင့်တဲ့ ပန်းမဟုတ်ဘူး
ရွှေဝါရောင်ဟာ         ဒူးမထောက်  လက်မမြှေက်တတ်တဲ့ တကယ့်  တော်ဝင်ပန်း။
ရွှေဝါရောင်ဟာ         စိတ်ကူးယဉ်မဟုတ်ဘူး-
ရွှေဝါရောင်ဟာ         စိတ်ကူးယဉ်ငြိမ်းချမ်းရေးသမားတွေအတွက် လက်တွေ့သင်ခန်းစာ။
ရွှေဝါရောင်ဟာ         အသင်တို့ ရိုက်နှက် ဖမ်းဆီချုပ်နှောင်စရာ မဟုတ်ဘူး
ရွှေဝါရောင်ဟာ         အတူတူလက်တွဲ ယှဉ်ကာနွှဲဖို့ မေတ္တာတွေနဲ့ ခင်းတဲ့လမ်း။
ရွှေဝါရောင်မှာ   ကျခဲ့ရတဲ့ မျက်ရည်တွေ သွေးစက်တွေ ဟာ တနေ့ မြန်မာ့  ငြိမ်းချမ်းရေး သမိုင်းသစ်ကို ရေးထိုးလိမ့်မယ်။
စက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)။
 
 
 
 
No comments:
Post a Comment