Monday, October 24, 2011

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ ခေါင်းဆောင်ဆိုတာ ပြည်သူတွေက ရွေးချယ်ထားပြီးသား။

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများသာမက တပ်မတော်သားများကပါ လှိုက်လှိုက်လှဲလှဲ ရင်တွင်းက ဆန္ဒအစစ်အမှန်တွေနဲ့  ပြည်သူ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ပေးခဲ့တယ်ဆိုတာ ရွှေမန်းတစ်ယောက် အတိတ်မေ့ရောဂါ ရှိနေရင်တော့ မပြောတတ်ဖူး။



























ရွှေမန်းတို့ ရဲ့  လွှတ်တော်က လက်ခံမှ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ ခေါင်းဆောင်ဖြစ်မှာ မဟုတ်ပါဖူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုရဲ့ ခေါင်းဆောင်ဆိုတာ၊ မြန်မာပြည်သူပြည်သားတွေရဲ့ ဆန္ဒအစစ်အမှန်ဆိုတာ ပိုပြီ သိချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ပြည်သူ့ ဆန္ဒခံယူပွဲတစ်ခု ဘာမှ အတားအဆီး မရှိဘဲ အနှောင့်အယှက် လိမ်လည်လှည့်ဖြား ပိတ်ပင်မှု မရှိဘဲ ဆောင်ရွက်ပေးကြည့်လိုက်ပါလား။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ ခေါင်းဆောင်ဆိုတာ ပြည်သူပြည်သားတွေရဲ့  ပါးစပ်ဖြားက ထွက်ပေါ်လာမယ့် အသံ ဘ၀ဂ်ညံသွားစေရမယ်ဆိုတာ ရွှေမန်း သိဖို့ လိုတယ်။





























ရွှေမန်းလိုမျိုး ကိုယ်ဖဲ ကိုယ်လိမ် ကိုယ့်အချိုးနဲ့  ကိုယ်အနိုင်ရတယ်ဆိုပြီး နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးကို လိမ်လည်ပြဌာန်း၊ ကိုယ့်လူနဲ့ ကိုယ် ကောက်ရွေးခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်ကြီးမှာ မျက်နှာပြောင်တိုက်ပြီး အရှက်သိက္ခာမရှိ ထိုင်ခုံမှာ ထိုင်နေသူက “ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများမှ ရွေးချယ်ပေးတဲ့အချိန်မှာ လွှတ်တော်မှ လက်ခံသွားမယ်” လို့  ပြောထွက်တာ ခွေးပါးစပ်က နတ်စကားထွက်တယ်လို့  ပြောရအောင်တောင် ညံ့ဖြင်းယုတ်မာသေးသိမ်လွန်းသူတစ်ယောက်ရဲ့  စကားမို့  ခွေးနဲ့ နှိုင်းရအောင်တောင် မတန်ဖူး ပြောရမှာ ဖြစ်ပါတယ်။

ပြည်သူတွေက တိုင်းပြည်ကို ဦးဆောင်အုပ်ချူပ်ဖို့ ဆိုပြီး ရင်တွင်းက စစ်မှန်တဲ့ ဆန္ဒတွေနဲ့  လှိုက်လှိုက်လှဲလှဲ တစ်ခဲနက် ရွေးချယ်တင်မြောက်ပေးခြင်း ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ အစိုးရဖွဲ့ စည်းပြီး တိုင်းပြည်ရဲ့  ခေါင်းဆောင်အဖြစ် အာဏာမလွဲအပ်ပေးဘဲ ဗြောင် ကောက်ကျစ်ယုတ်မာခဲ့တာတွေကို ရွှေမန်းတို့  ကိုယ့်ကိုကိုယ် လူမှန်းသိသေးရင်တော့ နောက်နောင် ထပ်မပြောဖို့  လိုပါတယ်။

No comments: