Tuesday, October 25, 2011

ဒီလို မတရားမှုတွေကို တရားရုံးတွေ ရဲတွေက ဆက်လုပ်နေသ၍ ကောင်းမွန်သော ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတာ ယုံရခက်သား။



















တွံတေးမြို့ နယ် NLD လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်၏ တရားစွဲမှုကြောင့် တွံတေးမြို့ နယ် အကောက်အခွန်အရာရှိများ စစ်ဆေးခံခဲ့ရသော အမှုဖြစ်စဉ်တွင် အဆိုပါ တရားစွဲခံထားရသော အရာရှိများကို အမှုရင်ဆိုင်ကာစက ၄င်းအရာရှိများကို တရားရုံးသို့  ဆင့်ခေါ်ခဲ့သော်လည်း ယခုအခါ အာဏာပိုင်များက အဆိုပါအရာရှိများကို အာမခံတရားဝင်ပေးခြင်းမရှိပဲ လွှတ်ထားခြင်း၊ ကိုရဲထွဋ်ခေါင်၏ နေအိမ်အား ရှာဖွေပုံစံမပါပဲ ၀င်ရောက်ရှာဖွေရန် ကြိုးစားခြင်းတို့ ကြောင့် ကိုရဲထွဋ်ခေါင်မှ တားဆီးရန် ကြိုးပမ်းရာမှ ရဲများနှင့် ရုန်းရင်းဆန်ခတ် ရန်ပွဲဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ ဘက်မှ ကိုရဲထွဋ်ခေါင်အား ၀တ္တရားနှောက်ယှက်မှုအပါအ၀င် အမှုလေးမှုဖြင့် ပြန်လည်တရားစွဲထားပြီး ကိုရဲထွဋ်ခေါင်မှလည်း ပြန်လှန်တရားစွဲဆိုထားကြောင်း သိရှိရပါသည်။

အထက်ပါ အမှုဖြစ်စဉ် အသေးစိတ်ကို သိရှိလိုပါက တွံတေးမြို့ နယ် NLD လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်၏ ဖုန်းနံပါတ်သို့  ဆက်သွယ်အင်တာဗျူး မေးမြန်းနိုင်ကြောင်း အကြောင်းကြားအပ်ပါသည်။

ကိုရဲထွဋ်ခေါင် - တွံ့ တေးမြို့ နယ် NLD လူငယ်တာဝန်ခံ - ဖုန်းနံပါတ် - 0973133594 ဖြစ်ပါတယ်။

(သတင်းပေးပို့ သူ - လွင်ပြင်)။

No comments: