Wednesday, October 26, 2011

ဒီဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ လုပ်ရမယ့် အလုပ်လား။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို ဖွင့်လှစ်ပေးတာကို တွေ့ ရတာပါ။

























ဒီဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ လုပ်ရမယ့် အလုပ်လား။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဆိုတာ ရွေးကောက်ပွဲနဲ့  ဆိုင်တဲ့ တာဝန်ကိစ္စအ၀၀ကိုသာ ဆောင်ရွက်ရမယ့်သူပါ။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ လက်ရှိ လုပ်ရမယ့် အလုပ်က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်းမှာ မဲဆန္ဒနယ်မြေတွေမှာ မဲလိမ်ညာမှုတွေကို တိုင်ကြားထားတာတွေကို စစ်ဆေးပြီး အရေးယူသင့်ရမယ့်သူတွေကို အရေးယူနိုင်အောင် ဆောင်ရွက်ရပါမယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ တာဝန်ထမ်းဆောင်နေရင်း ဖောက်ပြန်မှုတွေ ဥပဒေချိုးဖောက်မှုတွေ ရှိနေရင် စုံစမ်းစစ်ဆေးရမှာပါ။ ကြားဖြတ်ရွေးကောက်ပွဲ ဆောင်ရွက်ဖို့ လိုရင် ပြင်ဆင်ရမှာပါ။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက အခုတော့ ကိုယ့်ရဲ့  တာဝန်နဲ့  မဆိုင်တဲ့ဟာတွေ လိုက်လုပ်နေတာမို့  တာဝန်ကနေတောင် နှုတ်ထွက်သင့် (သို့ ) ထုတ်ပယ်သင့်ပါတယ်။

No comments: