Monday, November 7, 2011

မင်္ဂလာကျက်သရေရှိလှပြီး တန်ဖိုးမဖြတ်နိုင်တဲ့ သမီးလေး ရွှေမိုးသဲ၏ မွေးနေ့ မြတ်ဒါန ဖြစ်ပါတယ်။

ရန်ကုန်မြို့ မှ ဖေဖေ ဦးငွေစိုးအောင်နဲ့  မေမေ ဒေါ်ဇင်မာလွင်တို့ ၏ တစ်ဦးတည်းသော သမီးလေး မရွှေမိုးသဲရဲ့ ( ၈ ) နှစ်ပြည့် မွေးနေ့ မှ အမှတ်တရ မွန်မြတ်သော ကုသိုလ်ပြုလုပ်ရန်နှင့် သမီးလေးလည်း တခြားကလေးတွေရဲ့ မပြည်စုံတဲ့ဘ၀တွေကို စာနာထောက်ထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် ( ၅. ၁၁.၁၁ ) ရက်နေ့ စနေနေ့ က ခရမ်းမြို့ အမေ့အရိပ်ပညာဒါနကျောင်းလေးမှ ပညာသင်ကြားနေကြတဲ့ ကလေးများကို စာရေးကရိယာမျိုးစုံ နဲ့ မုန့် မျိုးစုံတို့ ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းသွားခဲ့ကြပါတယ်။ ခရမ်းမြို့  အမေ့အရိပ်ပညာဒါနကျောင်းလေး ဆောက်လုပ်ရန်အတွက်လည်း အလှူငွေကျပ်
တစ်သိန်းတိတိကို ကျောင်းကော်မတီသို့  ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။



သမီးလေးရွှေမိုးသဲ၏ မွေးနေ့ မြတ်သောဒါနအလှူကို အားလုံးသာဓုခေါ်နိုင်ရန် မျှဝေလိုက်ပါသည်။

လေးစားစွာဖြင့် -

ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ် ပညာရေးကော်မတီ။

No comments: