Sunday, November 27, 2011

ဖဲကြိုးဖြူနေ့ (သို့) ကမ္ဘာ့အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့။



















































၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ ၊ နေ့လည် (၁) နာရီမှ စတင်၍ မြောက်ဥက္ကလာ၊ ဗဟန်း၊ တာမွေနှင့် ရွှေဂုံတိုင်ရုံးချုပ်သွားရာ လမ်းတစ်လျှောက် ဗမာ့ကျောင်းသားလူငယ်များမှ ဒီမိုကရေစီအင်းအားစုများနှင့် ပူးပေါင်းကာ “ကမ္ဘာ့အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့” အထိမ်းအမှတ်အဖြစ် နိင်ငံရေးအကျဉ်းသူများပုံပါ ပို့စကဒ်များ လိုက်လံဝေငှ၍ စတေကာများ ဘက်စ်ကားများပေါ်နှင့် လမ်းတစ်လျှောက် ဓာတ်တိုင်များ လူမြင်ကွင်းများတွင် လိုက်လံ ဖြော်ပခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။






























“ကမ္ဘာ့အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့” အထိမ်းအမှတ်နေ့ တွင် ဦးသိန်းစိန်ထံ အသိပေးခြင်း။

ပြီးခဲ့သည့် နိုဝင်ဘာ (၁၉) ရက်နေ့  ညပိုင်းက ဘာလီမှာ ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်မှ မြန်မာသတင်းထောက်တွေကို သီးသန့်သတင်းစာရှင်းပွဲတခု လုပ်ပေးခဲ့ပါတယ်။ ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသူတွေကို ထပ်လွှတ်ပေးမလားလို့ မေးတာကို ဖြေပုံက ရှင်းပါတယ်။ သူ့စကားလုံးအတိအကျဆိုရင် “ယုံကြည်ချက်ကြောင့်ဆိုတဲ့ဟာကတော့ ပြောရမှာ ခက်တယ်။ ကျနော်တို့က ယုံကြည်ချက် ဆိုတာကတော့ လက်မခံဘူး။ ဥပဒေတခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က ဒါ အရေးယူထားတာ ဖြစ်ပါတယ်။ သူ့တို့ လိုပဲ ပြစ်မှုကျူးလွန်ထားတဲ့သူတွေလည်း အကျဉ်းထောင်ထဲမှာ အများကြီး ရှိတယ်။ ဒီအဖွဲ့အတွက်ပဲ ခင်ဗျားတို့ပြောမယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေအတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်း မစာနာရာ ကျမယ်” ဆိုပြီး ဖြေသွားပါတယ်။

ဟုတ်ကဲ့ ... သမ္မတကြီးအဖြေကို ဖြည့်စွက်မေးခွင့်ရချင်ပါတယ်။ ကျန်အကျဉ်းသားတွေကို မစာနာရာ မရောက်အောင် တွေးဖြေပေးခဲ့တဲ့ သမ္မတကြီးခင်ဗျား .... (၂၆.၁၀.၂၀၁၁) ရက်နေ့မှ စတင်ပြီး သာမာန်အကျဉ်းသားတွေသာ လျော့ရက်ခံစားရပြီး ယုံကြည်ချက်ကြောင့် အကျဉ်းစံနိင်ငံရေးသမားများ လျော့ရက်မရရှိခြင်းအတွက် အစာငတ်ခံ တောင်းဆိုသူများအရေး အော် ... သူတို့လဲ ပြစ်မှုတစ်ခုခုကို ကျူးလွန်၍ အရေးယူခံနေသူများပေပဲဟု သာမာန်အကျဉ်းသားများကဲ့သို့ ကိုယ်ချင်းစာ လျော့ရက်ပေး လိုက်လျောရမည့်အစား မည်သည့်အကြောင်းကြောင့် ရေဖြတ်ခဲ့ပါသနည်း၊ မည်သည့်အတွက်ကြောင့် တိုက်ပိတ်ခဲ့ပါသနည်း၊ မည်သည့်အရေးကြောင့် ထောင်ဝင်စာပိတ်ခဲ့ပါသနည်း။ ယနေ့ ကျရောက်သော “ကမ္ဘာအမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့” တွင် သမ္မတကြီးအား သိစေလိုသည်မှာ - မြန်မာနိင်ငံ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျစံနေရသူ အကျဉ်းသူများနှင့်တစ်ကွ နိင်ငံရေးအကျဉ်းသားအားလုံးသည် ဥပဒေ၏ အကြမ်းဖက်ခံနေရသူများဖြစ်၍ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသူများ ဖြစ်ကြောင်း သမ္မတကြီးမှ ပီပီပြင်ပြင် လက်ခံပြောကြားပေးစေလိုပါသည်။

(ရေးသားတင်ပြသူ - ၀လုံး ကျောင်းသားလူငယ်တစ်ဦး)။































No comments: