Sunday, November 27, 2011

နိုဝင်ဘာ (၂၆) ရက် ၂၀၁၁ ခုနှစ်တွင် ကျရောက်ခဲ့သော ကိုညိုကြီး (www.bigbbrown.blogspot.com) ၏ (၄) နှစ်မြောက် ဘလော့မွေးနေ့ အတွက် နှုတ်ခွန်းဆက်။

ကိုညိုကြီး - www.bigbbrown.blogspot.com ဆိုတဲ့ အင်တာနက်လိပ်စာနဲ့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်နေ့က စပြီး "ရွှေဝါရောင်တော်လှန်ရေး သံဃာတော်များလှူပ်ရှားမှုမှစ၍ ဘလော့စတင်ကာ မြန်မာပြည်အရေး သဲတစ်ပွင့် အုတ်တစ်ချပ်ကဲ့သို့  ကြိုးစားဆောင်ရွက်လာခဲ့သည်မှာ ယနေ့ အချိန်တွင် (၄) နှစ်တာ အချိန်ကာလသို့  ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

ကိုညိုကြီး ရင်တွင်းမှ ဖေါ်ပြထားသော ဖေါ်ပြချက်အား အောက်ပါအတိုင်း တွေ့ ရှိ ရပါသည်။

“တစ်ခါတစ်လေ သတင်းလူသားတစ်ဦးအဖြစ် ရှင်သန်နေထိုင်ရတာ မောပန်းနွမ်းနယ်လာပြီး ကိုယ့်ဘ၀အတွက်တာပဲ ကိုယ့်ဖာသာ အေးအေးဆေးဆေး ရှင်သန်နေထိုင်ချင်စိတ်လည်း ပေါက်မိပါတယ်။ ဒါပေမဲ့ အဆီအငေါ်မတည့်မှုတွေကို မျက်ကွယ်ပြုပြီး မနေထိုင်တတ်သေးသမျှတော့ သတင်းလူသားအဖြစ်ကို ရပ်စဲပစ်ဖို့ဆိုတာ အတော်လေးခက်ပါတယ်။

မတရားမှု၊ အဆီအငေါ်မတည့်မှု၊ လူလည်ကျမှုတွေ ဗမာပြည် နေရာအနှံ့မှာဖြစ်နေဦးသရွေ့တော့ ကျွန်တော်တို့လို ပြည်သူထဲက သတင်းလူသားတွေအတွက် လုပ်စရာတွေ ကုန်ဦးမှာမဟုတ်ဘူးလို့ပဲ အောက်မေ့ရပါတော့တယ်။

ခေတ်အဆက်ဆက်မှာ အဆိုးတွေရှိနေသရွေ့ အဆိုးတွေကို ဖော်ထုတ်ဖို့ ပြည်သူထဲက ပြည်သူ့သတင်းလူသားမျိုးဆက်သစ်တွေ ဆက်လက်ပေါ်ထွန်းနေဦးမယ်ဆိုတာလည်း ယုံကြည်နေမိပါတော့တယ်။

ရှေ့ဆက် ဆက်လက် လက်တွဲ တိုက်ပွဲ ၀င်ကြပါဦးစို့ ! ညိုကြီး။”

ကိုညိုကြီး (Big Brown) ၏ ရင်တွင်းခံစားမှုဖေါ်ပြချက်များသည် မှန်ကန်လွန်းသော ဖေါ်ပြချက်များ ဖြစ်ပါကြောင်းနဲ့  တိုင်းပြည်နှင့် လူမျိုးအတွက် တရားမျှတမှု မပေါ်ထွန်းသေးသ၍ ကိုညိုကြီးအပါအ၀င် ကျွန်တော်တို့ အားလုံးဟာ ပြည်သူ့သတင်းလူသားတွေအဖြစ် မတရားသူများအကြောင်း မတရားမှုများအကြောင်း ရဲရဲဝန့် ဝန့်  ဖေါ်ထုတ်ရမည့် တာဝန်ဝတ္တရားအား မည်မျှပင် ပင်ပန်းနွမ်းနယ်စေကာမူ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုညိုကြီး Big Brown ၏ မွေးနေ့  ဖေါ်ပြချက်အတိုင်း ထပ်တူထပ်မျှ ဖေါ်ပြပြောဆိုအပ်ပါတယ်။

လေးစားလျက် -

နစ်နေမန်း။

No comments: