Wednesday, November 16, 2011

မန္တလေးမြို့တွင် ပြည်သူများအတွက် စွန့်လွှတ်စွန့်စားပြီး ဆန္ဒဖော်ထုတ်နေကြသော သံဃာတော်များသို့ ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ချက်။

မန္တလေးမြို့၌ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် စွန့်စားဝံ့ကြသည့် အာဇာနည် ဆရာတော်သံဃာတော်များ၏ ၂ရက်ရှိပြီဖြစ်သော လုပ်ဆောင်ချက်သည် မြန်မာ့နိုင်ငံရေး၏ လတ်တလော ဖြစ်ပေါ်နေသောအခြေနေများကို ပိုမိုကောင်းမွန်သောဘက်သို့ ရှေးရှုသော လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ပါသည်။ သူတို့တောင်းဆိုသော အောက်ပါအချက်အလက်များကို သက်ဆိုင်ရာအာဏာပိုင်များမှ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးပါရန် လေးလေးနက်နက် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

(၁) ပြည်သူလူထု တစ်ရပ်လုံး ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ တရား မျှတရေးအတွက် မေတ္တာရှေ့ထားကာ ဆောင်ရွက်ကြရေး၊ ဖမ်းဆီးခံခဲ့ရသည့် အကျဉ်းကျနေသော ညီတော်၊ နောင်တော်၊ သံဃာတော်များ နှင့် ကျန်နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်။

(၂) တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများကို ချက်ချင်းရပ်စဲပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အတိုက်အခံ အင်အားစုများ ပါဝင်သည့် စစ်မှန်သောငြိမ်းချမ်းရေး လုပ်ငန်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်။

(၃) လောကပါလ တရားနှင့် အသိပညာ ထွန်းကားရေးအတွက် မြတ်ဗုဒ္ဓ၏ တရားတော်များကို ရဟန်းတော်များနှင့် စာပေပညာရှင်ကြီးများ ဟောပြောရာတွင် ပိတ်ပင်တားဆီးခြင်း၊ ဟောပြောခွင့် တောင်းခံရခြင်းတို့ကို လုံးဝရပ်စဲပြီး လွတ်လပ်စွာ ဟောပြော ရေးသားခွင့်ပေးရန်၊

ဖော်ပြပါတောင်းဆိုချက်များသည် တတိုင်းပြည်လုံး အေးချမ်းသာယာရေးကို ရှေးရှုသည့်အတွက် သံဃာတော်များ၊ ကျောင်းသားများနှင့် ပြည်သူများက သံဃာတော်တို့နှင့်အတူ ရပ်တည်ပြီး ပူးပေါင်းတောင်းဆိုပေးကြပါရန်လည်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

ဦးကုမာရ (မြန်မာကျောင်း၊ ပါရီမြို့၊ ပြင်သစ်နိုင်ငံ)။

ဦးကောဝိဒ (မြန်မာကျောင်း၊ ဂျနီဖာမြို့၊ ဆွစ်ဇာလန်နိုင်ငံ)။

ဦးပညာနန္ဒ (သန္တိသုခကျောင်၊ ယူတီကာမြို့၊ နယူးယောက်၊ အမေရိကန်နိုင်ငံ)။

ဦးဇဝန (မြန်မာကျောင်း၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ) ။

ဦးစန္ဒောဘာသ (မြန်မာကျောင်း၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ)။

ဦးပညာဇောတ (ရွှေဝါရောင်ကျောင်းတိုက်၊ နယူးဒေလီမြို့၊ အိန္ဒိယနိုင်ငံ)။

နေ့စွဲ-၁၆-၁၁-၂၀၁၁။

No comments: