Saturday, November 5, 2011

မြန်မာ MRTV - 4 မှာ တရုတ်နိုင်ငံရဲ့  CCTV (China Central Television) က ၀င်ရောက် လွှမ်းမိုးပြန်ပြီလား။

ကျန်ခဲ့တဲ့လ (၂၇) ရက်နေ့ က ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ MRTV – 4 နဲ့  China CCTV တို့ ရဲ့  ပူးပေါင်းဆောင်ရွက်မှု ဖွင့်ပွဲအရ တရုတ်နိုင်ငံရဲ့  CCTV-4, CCTV-9 အစရှိတဲ့ တရုတ်နိုင်ငံ တီဗွီလိုင်းတွေကို မြန်မာ MRTV-4 ကနေ တစ်ဆင့် ထုတ်လွှင်ပြသွားမယ်လို့  သိရှိရပါတယ်။

























မြန်မာပြည်မှာလိုဘဲ သတင်းဆင်ဆာတွေနဲ့  သတင်းဖြတ်တောက်ပြီး မူဝါဒတွေကိုသာ ဦးတည်စေတဲ့ တရုတ်နိုင်ငံရဲ့  သတင်းတွေကို ကြည့်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ တရုတ်နိုင်ငံတီဗွီလွှင့်ဖို့  လုပ်ဆောင်တဲ့ နေ့ ရက်မှာဘဲ တရုတ်အစိုးရက တရုတ်နိုင်ငံအတွင်းက ဆက်တယ်လိုက်ဂြိုဟ်တုတီဗွီလိုင်း (၃၄) ကို ထုတ်လွှင့်မှု အချိန်ကန့် သတ်မှုနဲ့  တရုတ်အစိုးရကသာ ခွင့်ပြုတဲ့ သတင်းတွေကို ထုတ်လွှင့်ဖို့  အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံအစိုးရပိုင် သတင်းတွေ တီဗွီတွေမှာ သတင်းလွတ်လပ်မှုဆိုတာ မရှိဘဲ တရုတ်အာဏာရှင်အစိုးရကို ထိခိုက်စေနိုင်မယ့် ဖြစ်ရပ်မှန်တွေ၊ ဝေဖန်ပြောဆိုချက်တွေ၊ တော်လှန်ဆန့် ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့  ပတ်သက်တဲ့ သတင်းမှန်သမျှ တားဆီးပိတ်ပင် ဖြတ်တောက်ထားပါတယ်။

မြန်မာပြည်က ပြည်သူလူထုလှုပ်ရှားမှုကြီးဖြစ်တဲ့ ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံကြီးသတင်းတွေကို ယခုထိတိုင် အမှန်အတိုင်း ထုတ်ဖေါ်ပြသမှုမရှိသလို တရုတ်နိုင်ငံမှာလည်း ၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တရုတ်ကျောင်းသားလှုပ်ရှားမှုကြီးရဲ့  သတင်းတွေကိုလည်း အမှောင်ချထားဆဲ ဖြစ်ပါတယ်။




























ထို့ အတူ သတင်းဌာနတွေ တီဗွီသတင်းတွေအပြင် စာပေဆိုင်ရာ အင်တာနက်ဆိုင်ရာ ပိတ်ပင်တားမြစ်မှုများ ဖြတ်တောက်မှုများ တရုတ်နိုင်ငံမှာ ယနေ့ ထိတိုင်အောင် များပြားစွာ ရှိနေဆဲ ဖြစ်ပါတယ်။



























































အောက်ဖေါ်ပြပါ ပြသမှုကတော့ တရုတ်နိုင်ငံမှာ ပြသခွင့်မရှိဘဲ ပိတ်ပင်တားမြစ်ခံလိုက်ရတဲ့ သရုပ်ဖေါ်ပြကွက်လေးတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အာဏာပိုင်တွေရဲ့  အာဏာအလွဲသုံးစားလုပ်မှုတွေ မတရားဆောင်ရွက်မှုတွေကို သရုပ်ဖေါ်ပြသာထားတာဖြစ်လို့  တရုတ်အာဏာရှင်အစိုးရက ၄င်းတို့ ရဲ့  တီဗွီလိုင်းတွေမှာ ပြသမှု မရှိရအောင် တားမြစ်ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။



မကြာခင်ကလည်း တရုတ်နိုင်ငံ အာဏာရှင်အစိုးရဟာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကားကို တရုတ်ပြည်မှာ လုံးဝတောင် ပြောခွင့် ပြခွင့် မရှိအောင် ပိတ်ပင်လိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့  CCTV တီဗွီလိုင်းထုတ်လွှင့်တဲ့ ဗဟိုဌာနအဆောက်အဦးရဲ့  ပုံတွေကို လှောင်ပြောင်ထားတဲ့ အောက်ဖေါ်ပြပါပုံကို ကြည့်ရင် တရုတ်နိုင်ငံ တီဗွီလိုင်းတွေရဲ့  အခြေအနေကို သုံးသပ်ရနိုင်ပါတယ်။



































မြန်မာ့ယဉ်ကျေးမှုနဲ့  မကိုက်ညီတဲ့ ထုတ်လွှင့်ပြသမှုများကိုလည်း တရုတ်နိုင်ငံ CCTV လိုင်းများကနေ ကြည့်ရှုရမယ်ဆိုရင်၊ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ အာဏာရှင်အစိုးရက ၄င်းတို့  ယဉ်ကျေးမှုများကိုပါ ဖုံးလွှမ်းအောင် လုပ်ဆောင်မှုကို မြန်မာ MRTV – 4 က ၄င်းတို့  အကျိုးစီးပွားတစ်ခုတည်းအတွက်သာ ကြည့်ပြီး လက်ခံတာကို အထူး အံ့သြမိရပါတယ်။






















တိုင်းပြည်နဲ့  မြန်မာလူမျိုးအတွက် ထိခိုက်နိုင်မှုက်ု အလေးမထားဘဲ တရုတ်နိုင်ငံရဲ့  CCTV (China Central Television) ရဲ့  ၀င်ရောက်လွှမ်းမိုးမှုကို မြန်မာပြည်တွင်းမှာ ပေါ်ပေါက်အောင် ပြုလုပ်ခဲ့တဲ့ သက်ဆိုင်ရာများနဲ့  MRTV-4 ကို ပြင်းထန်စွာ ရှုတ်ချလိုက်ရပါတယ်။

No comments: