ရွှေည၀ါဆရာတော်ကြီးကို အရေးယူဆောင်ရွက်ဖို့ ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ က မနက်ဖြန်မှာ ကြွရောက်လာဖို့ ကို ခေါ်ထားပါတယ်။
ဗုဒ္ဓဘာသာသာသနာတော်နှင့်တစ်ကွ စစ်မှန်သော သံဃာတော်ရှင်သူမြတ်များအား ရိုသေလေးစားကြပါသော ပြည်သူပြည်သားအပေါင်းတို့ အား အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
ယခုလို အာဏာရှင်ဆန်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ မတရားလုပ်ဆောင်မှုအား ကန့် ကွက်ရန်အတွက် ရွှေည၀ါဆရာတော်ကြီးအား အမိန့် ဖြင့် ဆင့်ခေါ်ထားသည့် မနက်ဖြန် ဇန်န၀ါရီလ (၁၉) ရက်နေ့  မွန်းလွဲ (၁) နာရီအချိန်တွင် အဆိုပါ ရန်ကုန်တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ တည်ရှိရာ ရန်ကုန် ကြားတောရလမ်း ဗဟန်းမြို့ သို့ လာရောက်၍ မည်သူမဆို စုပေါင်းသဘောထားထုတ်ဖေါ်ကြပါရန် တိုက်တွန်းအပ်ပါသည်။
(ယခု ပြည်သူပြည်သားအပေါင်းအား မေတ္တာရပ်ခံမှုအား ၀ိုင်းဝန်း လက်ဆင့်ကမ်းပေစေလိုပါတယ်၊)။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ မတရားလုပ်ရပ်အား ကန့် ကွက်ကြသူများ။
No comments:
Post a Comment