ယခုလက်ရှိထိ အကျဉ်းထောင်များအတွင်းမှာ အကျဉ်းချခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေပါသေးတယ်။
(အထက်ဖေါ်ပြပါပုံကတော့ ကိုအေးအောင် - ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုနဲ့  အကျဉ်းချခံထားရနေဆဲ ကျောင်းသားခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်)။
ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးအဖွဲ့ အစည်းတွေ တိုင်းရင်းသားအင်အားစုတွေက အဖွဲ့ ဝင်တွေ၊ ကျောင်းသားတပ်မတော် (ABSDF) က ကျောင်းသားကျောင်းသူတွေ ယခုထက်ထိ မလွတ်မြောက်သေးဘဲ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခံနေရဆဲပါ။
ယုံကြည်ချက်ကြောင့် မဟုတ်ဘဲ ပြစ်မှုကျူးလွန်ထားသူတွေဖြစ်လို့  မလွှတ်ပေးတာလို့  ပြောတဲ့ အကြောင်းပြချက်ဟာ လုံးဝ လက်ခံစရာ အကြောင်း မရှိပါဖူး။
မတရားပုဒ်မတွေတပ် ပြစ်မှုတွေနဲ့  မတရားစွပ်စွဲ၊ တရားဥပဒေနည်းလမ်းကျကျ ရသင့်ရထိုက်တဲ့ လျှောက်လဲချက်တွေ ဖြေရှင်းချက်တွေ အမှုလိုက်ပါဆောင်ရွက်ဖို့  ရှေ့ နေတရားရေးဝန်ထမ်းတွေ ခုခံချေပခွင့်တွေ မရရှိဘဲ အများပြည်သူရှေ့ မှောက်မှာ စုံညီပြောဆိုခွင့်တွေ မရှိတဲ့ တစ်ဘက်သတ် ပြစ်ဒဏ်စီရင်ချမှတ်လို့  အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အထူးသဖြင့် တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့် ပြီး ဆောင်ရွက်ခဲ့ကြတဲ့သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့  လိုပါတယ်။
No comments:
Post a Comment