Wednesday, March 7, 2012

ဗီယက်နမ်နိုင်ငံရဲ့  ဟိုချီမင်းမြို့ နဲ့  မြန်မာနိုင်ငံရဲ့  ရန်ကုန်မြို့ တော်က ညီအကိုမြို့ တော် ဖြစ်ရမယ်တဲ့လား၊ သမိုင်း ရိုင်းလှတယ်။

ဗီယက်နမ် အစိုးရနဲ့ ဆက်ဆံရေးကို နအဖတွေ စတင်လုပ်ဆောင်လာခဲ့ပြီး ဖက်လှဲတကင်းလုပ်ကြတာ သတိထားမိပါတယ်။ မြန်မာနိုင်ငံနဲ့  ပတ်သက်ပြီး ဗီယက်နမ် အစိုးရ ၀င်ရောက်ဆက်ဆံမှုဟာ မရိုးသားသလို၊ ဗီယက်နမ်အစိုးရနဲ့ ဆက်ဆံရတာကို နတ်ပြည်က နတ်တစ်ပါးတွေ့ ရသလိုဘဲ အခွင့်အရေးရရင်ပြီးရော သဘောထားနေကြသူတွေကလည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ရှေ့ ရေး ဘေးဖယ်ထားပြီး ဘယ်သူသေသေ ငတေမာရင် ပြီးရော သဘောထားကြတဲ့ အမျိုးသားသစ္စာဖောက်တွေလို့  ပြောရမှာဘဲ။

ဗီယက်နမ်နိုင်ငံကို အုပ်ချူပ်နေသူတွေဟာ ဘယ်လိုအစိုးရမျိုးလည်းဆိုတာ သိဖို့ လိုပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးကို ထွက်ပြေးခိုလှုံနေကြတဲ့ ဗီယက်နမ်ပြည်သူပြည်သားတွေ ဘာကြောင့် သူတို့ ရဲ့ မွေးရပ်ဌာနေ အမိမြေကို စွန့် ခွာကြရတာလည်းဆိုတာတွေ သိကြဖို့  လိုပါတယ်။

ဗီယက်နမ် အစိုးရရဲ့  မြန်မာပြည်အပေါ် ထားရှိတဲ့ သဘောထားနဲ ခြေလှမ်းတွေဟာ သတိထားရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကို နောင်ဖြစ်မယ့် အရေးကိစ္စတွေဟာ ငါတို့ နဲ့ မဆိုင်ဖူးလို့  သဘောထားဆက်ဆံနေကြတဲ့ လက်ရှိအုပ်ချူပ်သူတွေကြောင့် တစ်ချိန်ကြရင် မြန်မာနိုင်ငံအတွက် ရင်ဆိုင်ရမယ့် အနေအထားဟာ စိုးရိမ်ဖွယ်ရာတစ်ခုပါဘဲ။

ဒီလိုအနေအထားမျိုးတွေမှာ နိုင်ငံနဲ့  လူမျိုးအတွက် အရေးကြီးတဲ့ အဖြစ်အပျက်တစ်ခုပေါ်ပေါက်တယ်လို့  ခံယူမိပါတယ်။ နိုင်ငံတစ်နိုင်ငံအနေနဲ့  နိုင်ငံတကာဆက်ဆံရေးဖြစ်တဲ့ နိုင်ငံရေး စီးပွားရေး အပြန်အလှန်ဆက်ဆံမှုကို မဆိုလိုပါဖူး၊ သို့ သော်လည်း တိုင်းပြည်တစ်ပြည်အတွက် အသက်သွေးကြောပမာ အရေးကြီးတဲ့ကိစ္စတွေကိုတော့ လစ်လျူမရှူနိုင်ပါဖူး။ တိုင်းပြည်တစ်ပြည်လုံး လူမျိုးတစ်မျိုးလုံးနဲ့ ဆိုင်တဲ့ အရေးကြီးမှုတွေကိုတော့ ဘယ်အစိုးရဘဲ အုပ်ချူပ်နေ အုပ်ချူပ်နေ အစိုးရတစ်ရပ်ထဲနဲ့  ပြည်သူ့ ဆန္ဒမပါဘဲ ပြောင်းလဲတာတို့  ပြဌာန်းတာတို့  သတ်မှတ်တာတို့  ဆုံးဖြတ်တာတို့  လုံးဝ ခွင့်မပြုနိုင်ပါဖူး။ ဘာလို့ လည်း .. ဒါဟာ တစ်တိုင်းပြည်လုံးရဲ့ အနာဂတ်ရှေ့ ရေး လူမျိုးတစ်မျိုးလုံးရဲ့  ဘ၀ကံကြမ္မာနဲ့  တိုက်ရိုက်သက်ဆိုင်လို့ ဘဲ ဖြစ်ပါတယ်။

လာမယ့် မတ်လ (၁၂) ရက်နေ့ မှာ ဟိုချီမင်းမြို့တော်ဝန်အဖွဲ့  ဒုဥက္ကဌနဲ့  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးကနေ လက်မှတ်ရေးထိုးမှာတဲ့။ ဒါကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့  ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကလည်း တက်ရောက်ဦးမတဲ့။

အခု သိရှိရတဲ့ သတင်းအရဆိုရင် ဗီယက်နမ်နဲ့  မြို့တော် ဟိုချီမင်းနှင့် ရန်ကုန်မြို့ကို ညီနောင်မြို့တော်အဖြစ် သတ်မှတ်ဖို့ အတွက် နှစ်နိုင်ငံ တာဝန်ရှိသူများအကြား အပြန်အလှန် သဘောတူစာချုပ်ကို ချူပ်ဆိုမယ်ဆိုတဲ့ ကိစ္စပါဘဲ။

ဗီယက်နမ်နိုင်ငံရဲ့  ဟိုချီမင်းမြို့ နဲ့  မြန်မာနိုင်ငံရဲ့  ရန်ကုန်မြို့ တော်က ညီနောင်မြို့ တော် ဖြစ်စရာလား၊ သမိုင်းကြောင်းခြင်း မတူသလို မြန်မာနိုင်ငံရဲ့  ခေတ်အဆက်ဆက်က သမိုင်းဝင်မြို့ တော် ရန်ကုန်ဟာ အခြားသော သမိုင်းပုံသဏ္ဍန်မမှန်တဲ့ မြို့ တွေနဲ့  လိုက်ပြီး ပေးစပ်ရအောင် တန်ဖိုးမဲ့ ကလေကခြေ မြို့ မဟုတ်ပါဖူး။

ဒီလိုမျိုး နိုင်ငံနဲ့ လူမျိုးနဲ့ ဆိုင်တဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးမပြောနဲ့  သမတတောင် ကိုယ့်သဘောနဲ့  ကိုယ် လုပ်လို့ မရဖူးဆိုတာ နားမလည်ကြဖူးလား။

ဒါကြောင့် မြန်မာနိုင်ငံကို မှန်မှန်ကန်ကန်ဘဲ အုပ်ချူပ် အုပ်ချူပ် မမှန်မကန်ဘဲ အုပ်ချူပ် အုပ်ချူပ် တိုင်းပြည်ရဲ့  တန်ဖိုးနဲ့  တိုင်းသူပြည်သား အမျိုးသားတစ်ရပ်လုံး ထိခိုက်နစ်နာစေနိုင်မယ့် ကိစ္စရပ်မျိုးဆိုရင် သမတတစ်ယောက်ထဲလည်း ထင်သလို လုပ်မရဖူး၊ လွှတ်တော်တစ်ခုထဲအနေနဲ့ လည်းဘဲ ဆုံးဖြတ်မရဖူးဆိုတာ သိထားကြဖို့  လိုတယ်။

ဒါကြောင့် ဗီယက်နမ်နိုင်ငံရဲ့  မြို့တော် ဟိုချီမင်းနဲ့  မြန်မာနိုင်ငံရဲ့  ရန်ကုန်မြို့တော်ကို ညီနောင်မြို့တော်အဖြစ် သတ်မှတ်ဖို့  လုပ်နေတာတွေကို အပြင်းအထန် ကန့် ကွက်တယ်။ ဒါ နိုင်ငံနဲ့  လူမျိုးအားလုံးအရေးဖြစ်လို့  အမျိုးသားအရေးအဖြစ် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့  ပြတ်ပြတ်သားသား ကန့် ကွက်တာဘဲ။

No comments: