Thursday, March 8, 2012

မန္တလေးနန်းတော် အရှေ့ဘက်မုခ်အဝင် စစ်ဆေးရေးဂိတ်ပေါက်တွင် ဗိုလ်ချူပ်အောင်ဆန်းပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများ၊ NLD ပါ စတစ်ကာများအား ဖြုတ်ခိုင်းခြင်း။

















မန္တလေးနန်းတော် အရှေ့ဘက်မုခ်အဝင် စစ်ဆေးရေးဂိတ်ပေါက်တွင် မန္တလေးနန်းတော်အတွင်းသို့ ဝင်ရောက်လေ့လာရန် လာရောက်ကြသော နိုင်ငံခြားသား ဧည့်သည်ကားများ အပါအဝင် မည်သည့်ကားကိုမဆို ကားပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါလာလျှင်သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါလာလျှင်သော်လည်းကောင်း ဖြုတ်ခိုင်းခြင်း၊ မှောက်ခိုင်းခြင်း၊ ၄င်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD ၏ မည်သည့် စတစ်ကာကိုမဆို ကပ်လာခြင်း၊ တပ်ဆင်ခြင်းများရှိလာပါကလည်း အားလုံးကို ဖြုတ်ပစ်ခိုင်းခြင်း စသည်တို့ကို လုပ်ဆောင်နေပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) သည် တရားဝင်မှတ်ပုံတင်ထားပြီးသော ပါတီဖြစ်ပြီး၊ သက်ဆိုင်ရာတို့နှင့် ပူးပေါင်းဆောင်ရွက်နေပြီဟုဆိုသော်လည်း ယခုကဲ့သို့ ကန့်သတ်ခံနေရမှုများရှိနေသေးကြောင်း ဧည့်လမ်းညွှန်များ အထူးသတိပြုနိုင်ကြစေရန် သတင်းပြန်ကြားလိုက်ပါသည်။

သောင်းနိုင်ဦး
သတင်းနှင့်ပြန်ကြားရေးကော်မတီ
မန္တလေးဇုံ၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
၆.၃.၂၀၁၂။

No comments: