Thursday, March 8, 2012

မနက်ဖြန်မှာ စတင်ဖွင့်လှစ်ပြသမယ့် “သံတိုင်ကြားက ပန်းချီကားများ ပြသပွဲ” ။



























“သံတိုင်ကြားက ပန်းချီကားများ ပြသပွဲ” ကို မနက်ဖြန် (၉-၃-၂၀၁၂) ရက်နေ့ ၊ နံနက် (၉) နာရီမှာ ရန်ကုန် စာပေလောက ပန်းဆိုးတန်းလမ်း အထက်ဘလောက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီတို့ ရဲ့  ပန်းချီကားများ၊ အကျဉ်းထောင်တွင်းမှ ယခုနောက်ဆုံးမှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများရဲ့  ပန်းချီကားများကို ရွေးချယ်ကာ ပြသခြင်းဖြစ်ပါတယ်။

“သံတိုင်ကြားက ပန်းချီကားများ ပြသပွဲ” ကို မနက်ဖြန် (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

No comments: