Thursday, March 8, 2012

နိုင်ငံတကာအမျိုးသမီးများနေ့  (မတ်လ ၈ ရက်နေ့ )။















ယနေ့ တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့  (မတ်လ ၈ ရက်နေ့ ) တွင် နိုင်ငံအသီးသီး၌ ကျင်းပကြသော အမျိုးသမီးများနေ့ အခမ်းအနားများတွင် ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်သားဖွယ် မိန့် ခွန်းကောက်နှုတ်ချက်များဖြင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်လွှာများဖြင့်လည်းကောင်း၊ ဗွီဒီယိုမှတ်တမ်းများဖြင့်လည်းကောင်း ပြသကျင်းပကြကြောင်း သိရှိရပါတယ်။































နိုင်ငံတကာအမျိုးသမီးများနေ့  (မတ်လ ၈ ရက်နေ့ ) အား ဂုဏ်ပြုသောအားဖြင့် စင်ကာပူနိုင်ငံရှိ the British High Commission မှ စီစဉ်ကျင်းပ၍ The Lady ရုပ်ရှင်ကားအား အထူးပြပွဲအဖြစ် ပြသခဲ့ပါတယ်။ စင်ကာပူနိုင်ငံရှိ ရုပ်ရှင်ရုံအများစုတွင်လည်း မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် အဆိုပါ The Lady ရုပ်ရှင်ကားအား ရုံတင်ပြသနေပါတယ်။































No comments: