Saturday, March 10, 2012

မြန်မာနိုင်ငံသားဖြစ်မှုတွေကို မလိမ့်တပတ် လိုရာလုပ်နေပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါဝင်ခွင့်မပြုတာတွေဟာ ရိုးသားမှု မဟုတ်ဖူး။






























လာမယ့် ဧပြီလ (၁) ရက်နေ့ မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်နိင်ငံလုံးက ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့် စစ်ကိုင်းတိုင်းပြည်သူ့ လွတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင်နဲ့  ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်က တစညပါတီ ကိုယ်စားပြုယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမြင့်တို့ နှစ်ဦးကို မြို့ နယ်အဆင့် လူဝင်မှုကြီးကြပ်ရေးဌာနတွေက ကိုယ်စားလှယ်လောင်းရဲ့  နိင်ငံသားဖြစ်မှုမှာ ငြိစွန်းမှုရှိတယ်လို့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့  ပါတယ်။

ဒါပေမယ့်  NLD ကိုယ်စားလှယ်လောင်း ဦးစောလိုင်ဟာ ၁၉၉၀ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ရွေးချယ်ခံခဲ့ရဖူးပါတယ်။ ထို့ အတူ တစည ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမြင့်ဟာလည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရန်ကုန်တိုင်း၊ လမ်းမတော်မြို့ နယ်မှ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ် တစည ပါတီကဘဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ပြိုင်ဘက်ကြံ့ဖွံ့ ပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရ ဖူးပါတယ်။ ဒေါ်စန္ဒာမြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ လက်ရှိတည်ဆဲ ရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့ ဘဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး အခု ကြားဖြတ်ရွေးကောက်ပွဲမှာမှ ကိုယ်စားလှယ်အရည်အချင်း မပြည့်မီသူအဖြစ် ပယ်ဖျက်ခံရတာဟာ ရှေ့ နောက်မညီညွတ်ဘူး ဖြစ်နေပါတယ်။

၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာတုန်းက ၀င်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းသည် နိုင်ငံသားဖြစ်ရမည်ဟု သတ်မှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်း၏ မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ရမည်ဟု တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

ဒီလို သတ်မှတ်တဲ့အထိ ဦးစောလှိုင်နဲ့ ဒေါ်စန္ဒာမြင့်တို့ ဟာ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီနေပြီး သူတို့ ရဲ့ မိဘနှစ်ပါးစလုံးဟာ တရားဝင်နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံသားဖြစ်မှုဆိုတဲ့ အဓိပ္ဖာယ်ကို ဖွင့်ဆိုရာမှာတော့ ၂၀၁၀ တုန်းက ကော်မရှင်ရဲ့ သတ်မှတ်တဲ့စံနှုန်းနဲ့  ယခု ကြားဖြတ် ရွေးကောက်ပွဲမှာ ကော်မရှင်ရဲ့ သတ်မှတ်စံနှုန်းဟာ ပြောင်းလဲသွားခဲ့ပါတယ်။

ယခု ကြားဖြတ်မှာတော့ ကိုယ်စားလှယ်လောင်းရဲ့ မိဘနှစ်ဦးစလုံးဟာ ကိုယ်စားလှယ်လောင်းမွေးဖွားချိန်မှာ နိုင်ငံသားဖြစ်နေရမယ်လို့  စံနှုန်းကို တိုးမြှင့်သတ်မှတ်ခဲ့လို့  အခု NLD ဦးစောလှိုင်နဲ့  တစည ဒေါ်စန္ဒာမြင့်တို့ ဟာ ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။

ဒါ့ကြောင့် တစည ပါတီက ဒေါ်စန္ဒာမြင့်အနေနဲ့  အဆင့်ဆင့် အယူခံတင်ရာမှာ တိုင်းကော်မရှင်အဆင့်က ပယ်ချခဲ့လို့  ၉- ၃- ၂၀၁၂ ရက်နေ့  ညနေ ၃း ၀၀ နာရီမှာ တစည ပါတီ တိုင်းရုံးခန်းရှိရာကို ပါတီခေါင်းဆောင်ပိုင်းနဲ့ ပါတီဝင်များ၊ သတင်းစာနယ်ဇင်းများကို ဖိတ်ကြားပြီး သတင်းထုတ်ပြန်ခဲ့ရာမှာ သတင်းသမား (၄၀)ဦးခန့် တက်ရောက်ပြီး သတင်းရယူခဲ့ကြပါတယ်။

အဲဒီ ရှင်းလင်းပွဲမှာ တစည ပါတီမှ သတင်းထုတ်ပြန်ခဲ့ရာ နိုင်ငံသားဖြစ်မှု သတ်မှတ်ရာမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေမှ သတ်မှတ်ချက်များနဲ့  ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ချက်များဟာ ကွဲလွဲခြားနားမှုများ ရှိနေကြောင်း၊ ရွေးကောက်ပွဲဥပဒေသည် ပင်မဖွဲ့ စည်းပုံအခြေခံ ဥပဒေ၏ အောက်တွင်သာရှိသည့် အထောက်အကူပြုဥပဒေ (Suppotting Law) သာ ဖြစ်သည့်အတွက် ဖွဲ့ စည်းပုံဥပဒေ၏ နိုင်ငံသား သတ်မှတ်ချက်အဓိပ္ဖာယ်ကိုသာ ယူသင့်ကြောင်း၊ ဤ ကိုယ်စားလှယ် ပယ်ဖျက်ခံရမှုကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့  ဆက်လက်တင်ပြထားပြီး အမျိုးသားအခွင့်အရေးကော်မရှင်သို့ လည်း ပေးပို့ တိုင်ကြား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နောက်ပိုင်း ကျင်းပဦးမည့် ရွေးကောက်ပွဲ အသီးသီးတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများမှ ကိုယ်စားလှယ်လောင်းများအတွက်ပါ ရည်ရွယ်ပြီး လွှတ်တော်အတွင်း အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဥပဒေအကြောင်းအရာများနှင့် အသေးစိတ်အချက်အလက်များကို တစည ပါတီ ခေါင်းဆောင်များနှင့် ကာယကံရှင်ဒေါ်စန္ဒာမြင့်မှ ရန်ကုန်တိုင်း တစည ပါတီရုံးခန်း၌ အချိန် (၃)နာရီကြာမျ တက်ရောက်လာသူများကို ဆွေးနွေးရှင်းလင်း တင်ပြသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မူဝါဒအရ ပြောင်းလဲမှု မရှိဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့  အဓိကတာဝန်ရှိသူလို့  ဆိုနိုင်မယ့် ဥက္ကဌ (လူ) အပြောင်းအလဲကြောင့် ဖြစ်ဟန်တူပါတယ်လို့  သုံးသပ်မိပါတယ်။

S ခင်ဇိုင်။

No comments: