Tuesday, March 27, 2012

မြ၀တီမြို့ တွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနား။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ကရင်ပြည်နယ် မြဝတီမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနားကို မတ်လ (၂၇) ရက် တော်လှန်ရေးနေ့တွင် မနက် (၇) တွင် ကျင်းပ ပုလုပ်ခဲ့သည်။ ထိုအခမ်းအနားသို့ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့် နှင့်ပြည်နယ်မှ တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ပြည်သူလူထုများ ခန့်မှန်းခြေ (၅၀၀) ခန့်တက်ရောက်ကြသည်။ ၄င်းအခမ်းအနားသို့ ယခင် (DKBA) တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်၏ ကလိုထူးဘောစစ်ဌာချုပ်မှ အရာရှိများနှင့် ရဲဘော်များလည်း တက်ေ၇ာက်ခဲ့ကြသည်။ ကလိုထူးဘောစစ်ဌာချုပ်မှာ ဗိုလ်ချုပ်စောလားပွယ် ပေးပို့သောသဝဏ်လွှာကို စစ်ဦးစီးမှူးဌာန စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူးထွန်းထွန်းက အခမ်းအနားတွင် ဖတ်ကြားခဲ့ပါသည်။

အခမ်းအနားကို နံနက် (၇) နာရီတွင် စတင်ကျင်းပပြီး အခမ်းအနားအစီအစဉ်များအား အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

၁။ မြဝတီမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်နှင့် ရုံးအားဖွင့် လှစ်ခြင်း။

၂။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း နှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွအာဇာနည် ခေါင်း ဆောင်ကြီးများ၊ ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း၌ ကျဆုံးသွားခဲ့သော ရဟန်းသံဃာတော်များ ၊ပြည်သူလူထုများ၊ကျောင်းသားခေါင်းဆောင်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက် အလေးပြုခြင်း အစီအစဉ်။

၃။ မြဝတီမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့် မှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း အစီအစဉ်။

၎။ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဗလာစာအုပ်ဒါဇင် (၁၀၀)နှင့် စာရေးကိရိယာမျိုးစုံအား လှူဒါန်းခြင်း အစီအစဉ်။

၅။ ကလိုထူးဘောစစ်ဌာချုပ်မှာ ဗိုလ်ချုပ်စောလားပွယ် ပေးပို့သော သဝဏ်လွှာကို စစ်ဦးစီးမှူးဌာန၊ စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူး ထွန်းထွန်း မှ ဖတ်ကြားခြင်း အစီအစဉ်။

၆။ အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်းအစီအစဉ်။

၇။ ကရင်လူငယ်အဖွဲ့မှ သီချင်းဖြင့်ဖြေဖျော်ခြင်း အစီအစဉ်။

၈။ ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များဖြင့် အခမ်းအနားကို နံနက် (၉) နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

No comments: