Monday, March 26, 2012

မတ်လ (၂၇) ရက်နေ့ ဟာ “တပ်မတော်နေ့ ” မဟုတ်ပါ၊ “တော်လှန်ရေးနေ့ ” သာ အမှန်ဖြစ်ပါတယ်။

မြန်မာပြည် လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း ၁၉၅၈ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီအဖြစ် ၀န်ကြီးချူပ် ဦးနု အုပ်ချူပ်နေစဉ်မှာ အာဏာရူးကြီး နေ၀င်းက အိမ်စောင့်အစိုးရအဖြစ် အခွင့်အရေးယူ အချောင်ဝင်ယူပြီး၊ တိုင်းပြည်ပြည်သားတွေရဲ့  အချူပ်အခြာ ပြည်သူ့ အာဏာကို ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့ မှာ မတရားအဓမ္မ အာဏာသိမ်းယူခဲ့ပါတယ်။

တော်လှန်ရေးကောင်စီ (Revolutionary Council in Burma) လို့  အမည်ခံပြီး အာဏာရူးကြီး နေ၀င်းက လက်နက်အားကိုးနဲ့  တိုင်းပြည်ကို ဖိနှပ်ချူပ်ချယ်ခဲ့တာကို မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေ၊ ကျောင်းသားတွေရဲ့  ဇူလိုင် (၇) ရက်နေ့  အရေးတော်ပုံကြီးတွေက သက်သေသာဓက ရှိပါတယ်။ အာဏာရူးကြီးနေ၀င်းဟာ ၁၉၇၂ ခုနှစ် ဧပြီလမှ တော်လှန်ကောင်စီဆိုတာကို ဖျက်သိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအနေနဲ့  တိုင်းပြည်ကို ဆက်လက်အုပ်ချူပ်ခဲ့တယ်။

မတ်လ( ၂၇) ရက်နေ့ ကို တော်လှန်ရေးနေ့ အဖြစ် ဆက်လက်သတ်မှတ်ထားတယ်ဆိုတာ နေ၀င်း အုပ်ချူပ်နေတဲ့ လက်ထက်မှာဘဲ (၂၅) နှစ်မြောက် တော်လှန်ရေးနေ့  အထိမ်းအမှတ်အဖြစ် ၁၉၇၀ ခုနှစ်က ထုတ်ဝေခဲ့တဲ့ အောက်ဖေါ်ပြပါ သမိုင်းဝင် တံဆိပ်ခေါင်းပါ စာတွေက သက်သေရှိပါတယ်။


































အာဏာရူးကြီး နေ၀င်းက တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲပစ်ခဲ့တာ ၁၉၇၄ ခုနှစ်မှာပါ။ ၁၉၇၄ ခုနှစ်မှာ အာဏာရူးကြီး နေ၀င်းကနေ တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲခေါ်ဆိုခဲ့တာပါ။ အဲ့ဒီအချိန် ပြောင်းလဲခေါ်ဆိုခဲ့တုန်းက နေ၀င်းက အကြောင်းပြခဲ့တာကတော့ - မတ်လ (၂၇) ရက်နေ့ ဟာ ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်တယ်။ ဖက်ဆစ်တော်လှန်ရေးလို့  ခေါ်နေတာမို့  ဖက်ဆစ်ဖြစ်ခဲ့တဲ့ ဂျပန်လူမျိုးတွေကို လူမျိုးရေးအရ စော်ကားပြောဆိုသလိုမျိုးဖြစ်နေတယ်၊ ဒါကြောင့် ဖက်ဆစ်တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ အဖြစ် ပြောင်းလဲခေါ်ဆိုမယ်ဆိုပြီး ပြောဆိုပြောင်းလဲပြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်သမိုင်းကို သူ့ သဘောနဲ့ သူ ပြောင်းလဲဖျက်ဆီးပစ်လိုက်တာဖြစ်ပါတယ်၊ အကြောင်းပြချက်ဟာလည်း ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်ဘဲ၊ ပြောင်းလဲခဲ့တဲ့ အကြောင်းရင်း အစစ်အမှန်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အာဏာရူးနေ၀င်းက တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ကို ပြောင်းလဲခေါ်ဆိုပြစ်ခဲ့တာ အကြောင်း (၃) ချက်ရှိပါတယ်။ ပထမအချက်က “တော်လှန်ရေး” ဆိုတဲ့ စကားလုံးကို လုံးဝ မကြားချင်တာ ဖြစ်တယ်၊ ဒုတိယအချက်က ၁၉၇၀ ခုနှစ်လွန် အချိန်ကာလ (အာဏာရူးနေ၀င်းက မြန်မာပြည်ကို တစ်ပါတီအာဏာရှင်စနစ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလို့ လို့ ခေါ်တဲ့ မဆလပါတီနဲ့  ၁၉၇၄ ခုနှစ် အခြေခံဖွဲ့ စည်းပုံဥပဒေပြဌန်းပြီး စတင်အုပ်ချူပ်တဲ့အချိန်) မှာ ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးပြီးတဲ့နောက်မှာ မြန်မာပြည်ကို နယ်ချဲ့ စိုးမိုးအုပ်ချူပ်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် စစ်လျော်ကြေးငွေလို့ ပြောရသလို မြန်မာပြည် ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကြေးငွေတွေ အများဆုံး ပို့ လှူနေတဲ့အချိန်ကာလ) ဖြစ်တာမို့ ၊ တတိယအချက်ကတော့ အာဏာရူးနေ၀င်းဟာ တပ်မတော်ကို လက်ကိုင်ဒုတ်တပ်အနေနဲ့  အသုံးချဖို့  စတင်လှည့်ဖြားစည်းရုံးဖို့  လုပ်တာမို့  မတ်လ (၂၇) ရက်နေ့ ကို တော်လှန်ရေးနေ့ ကနေ တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲပြစ်ခဲ့တာ ဖြစ်တယ်။

ဒါဆိုရင် မြန်မာပြည်သူပြည်သားတို့ ရဲ့  မြန်မာ့သမိုင်းဝင် တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲပြစ်ခဲ့တာ အာဏာရူးကြီး နေ၀င်းဆိုတာကို အတိအကျ မလွဲမှားဖူးဆိုတာပါ။ အာဏာရူးကြီး နေ၀င်း လုပ်သလို ဆက်လက်လုပ်ဆောက်နေတဲ့ အာဏာရူးသန်းရွှေတို့ ကလည်း အမည်တွေ ပြောင်းလိုက် သမိုင်းမှန်တွေကို ဖုံးကွယ်ဖြောက်ဖျက် လိမ်ညာပြောဆို လှည့်ဖြားအုပ်ချူပ်လိုက်နဲ့  အာဏာရူးတွေ အားလုံး တစ်ပုံစံထဲပါဘဲ။

အာဏာရူးတို့ ရဲ့  ဖခင်ကြီး နေ၀င်း လုပ်ကြံပြောင်းလဲပစ်ခဲ့တာကို အဟုတ်မှတ်ပြီး ကျေးဇူးရှင်ပြည်သူတွေကို စော်ကားနေကြသူတွေကတော့ “တပ်မတော်သာ အမိ တပ်မတော်သာ အဖ” ဆိုတဲ့အထိ လိုရာဆွဲ တစ်လွှဲပြောနေကြတာ ဖြစ်ပါတယ်။ မြန်မာပြည်လွတ်လပ်ရေး ရရှိခဲ့တာ တပ်မတော်တစ်ခုထဲကြောင့် မဟုတ်ပါဖူး၊ အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့  ကျရာတာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ လှည်းနေလှေအောင်း မြင်းစောင်းမကျန် တွန်းလှန်တော်လှန်ခဲ့ကြတဲ့ ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူအပေါင်းဘဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းကြောင်းမှာ “မတ်လ ၂၇ ရက်နေ့  - တော်လှန်ရေးနေ့ ” လို့  တရားဝင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မတ်လ (၂၇) ရက်နေ့ ဟာ “တပ်မတော်နေ့ ” မဟုတ်ပါ၊ “တော်လှန်ရေးနေ့ ” သာ အမှန်ဖြစ်ပါတယ်။

No comments: