Wednesday, April 11, 2012

အင်ဒိုနီးရှား ငလျင်နှင့် ဆူနာမီ သတိပေးချက်။

အင်ဒိုနီးရှား ငလျင်နှင့် ဆူနာမီ သတိပေးချက်။

သြစတြေးလျနိုင်ငံ Christmas Island နှင့် Cocos Island ကျွန်းများတွင် ဆူနာမီရေလှိုင်းအသေးစားများ ရိုက်ခတ်မှု ရှိခဲ့ကြောင်း သိရှိရပါသည်။ ထို ဆူနာမီရေလှိုင်းအသေးများ သြစတြေးလျနိုင်ငံ အနောက်ဘက်ကမ်းခြေသို့  အချိန်ပိုင်းအတွင်း ရိုက်ခတ်နိုင်ကြောင်း သတိပေးချက် ပြောဆိုပါသည်။

အိန္ဒိနိုင်ငံတောင်ပိုင်း Tamil Nadu ဒေသတွင် ရဲများမှ ပင်လယ်ကမ်းခြေသို့  သွားရောက်မှုပြုခြင်းအား တားမြစ်လျက်ရှိပြီး အဆိုပါ ကမ်းခြေများမှ အမြန်ဆုံးထုတ်ခွာရန် Loud speaker များဖြင့် ကြေညာလျက် ရှိပါသည်။

ဘင်္ဂလားဒေံရှ်နိုင်ငံ ဒါကာဒေသတွင် ရုံးများ နေအိမ်များမှ လူအများ ထွက်ခွာ၍ လုံခြုံစိတ်ချရာ အမြင့်နေရာများသို့  ဆူနာမီရေလှိုင်းအန္တရာယ် ကြိုတင်ရှောင်ရှားလျက်ရှိကြောင်း သိရှိရပါသည်။ Male ဒေသတွင်လည်း မြင့်မားသောအဆောက်အဦးများတွင် လူအများစု ခေတ္တ စုပေါင်းနေထိုင်ကြကြောင်း သိရှိရပါသည်။

ကင်ညာနိုင်ငံမှလည်း ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ပြီး၊ ဆူနာမီဖြစ်ပေါ်ပါက ၄င်း နိုင်ငံ စံတော်ချိန် နံနက် (၃) နာရီခန့် တွင် ဆူနာမီရေလှိုင်းရောက်ရှိနိုင်ကြောင်း ကြိုတင်သတိပေးကာ အမြင့်နေရာတွင် တည်ဆောက်ထားသော ကျောင်းများအတွင်း လူများ စုစည်းနေထိုင်ကြရန် တိုက်တွန်းထားပါသည်။

No comments: